Home
နိုင်ငံတကာ
အရည်အသွေးမြင့် GPT 5 ကို OpenAI မိတ်ဆက် 
DVB
·
August 8, 2025
Photo :Reuters

OpenAI ဟာ GPT-5 AI မော်ဒယ်ကို ဩဂုတ် ၇ ရက်မှာ စတင်မိတ်ဆက်ခဲ့ပါတယ်။ ဒီမော်ဒယ်ဟာ အဆင့်မြင့်နည်းပညာတွေ ပါဝင်ပြီး ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးနဲ့ ယဉ်ကျေးမှုတွေကို ပြောင်းလဲနိုင်ဖို့ အကူအညီပေးနိုင်မှာ ဖြစ်ပါတယ်။

OpenAI ရဲ့ GPT မော်ဒယ်ဟာ ChatGPT ရဲ့ လူကြိုက်များတဲ့ AI နည်းပညာ ဖြစ်ပါတယ်။ အသစ်မိတ်ဆက်ပေးတဲ့ GPT 5 ကို ChatGPT အသုံးပြုသူ သန်း ၇၀၀ လုံး သုံးစွဲနိုင်မှာ ဖြစ်တယ်လို့ OpenAI က ပြောထားပါတယ်။

OpenAI က GPT5 ဟာ လုပ်ငန်းအဆင့် စွမ်းဆောင်ရည်တွေ ရှိတယ်လို့ ဆိုပါတယ်။ အဲဒီအထဲမှာ Software development ပြုလုပ်ထားမှုတွေ ထပ်ပေါင်းထားပြီး GPT5 excels လုပ်ဆောင်မှုတွေ၊ ကျန်းမာရေးနဲ့ပတ်သက်တဲ့ မေးမြန်းမှုတွေနဲ့ ဘဏ္ဍာရေးဆိုင်ရာ အချက်အလက်တွေလည်း ပါဝင်ပါတယ်။

Software Developer တွေအတွက် ပုံကြမ်းရေးဆွဲတဲ့အဆင့်ကနေ ကွန်ပျူတာ ပရိုဂရမ်တွေ အားလုံးကို ရေးသားနိုင်တဲ့အထိ စွမ်းဆောင်ရည်တွေ ပါဝင်ပါတယ်။

GPT 4 ဟာ ကောလိပ်ကျောင်းသားအဆင့် အတွေးအခေါ်တွေ အရည်အသွေးတွေရှိပြီး GPT 5 ကတော့ ဒေါက်တာအဆင့်ဖြစ်တဲ့ PhD အဆင့်အထိ တိုးတက်လာပြီလို့ ဆိုထားပါတယ်။

OpenAI စီအီးအို ဆမ်အော့မန်းက  “PhD အဆင့် ကျွမ်းကျင်သူတွေ ပါဝင်တဲ့ အဖွဲ့အစည်းတခုကို ခင်ဗျားရဲ့အိတ်ထဲမှာ ထည့်ထားသလိုပါပဲ။ ခင်ဗျား ဘာပဲလုပ်လုပ် အကူအညီပေးနေမှာပါ” လို့ မီဒီယာတွေနဲ့ တွေ့ဆုံချိန်မှာ ပြောခဲ့ပါတယ်။

ChatGPT ဟာ ပြီးခဲ့တဲ့ ၃ နှစ်က ကမ္ဘာကြီးကို AI နဲ့ မိတ်ဆက်ပေးခဲ့တာဖြစ်ပြီး လူတွေရေးသားတဲ့ စကားပြေတွေ၊ ကဗျာတွေ ရေးသားနိုင်တယ်ဆိုတာ ပြသခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ChatGPT ဟာ တိုးတက်မှုအမြန်ဆုံး app တခု ဖြစ်လာခဲ့ပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013