တပါတီအာဏာရှင်ကို ဖြုတ်ချနိုင်ခဲ့တဲ့ ရှစ်လေးလုံး လူထုအရေးတော်ပုံကြီး ၃၇ နှစ်မြောက် နှစ်ပတ်လည် အထိမ်းအမှတ်အနေနဲ့ ဩဂုတ် ၈ ရက်မနက်က ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာ ကမ္ဘာလုံးဆိုင်ရာ ၈၈၈၈ ထီးသပိတ်လှုပ်ရှားမှုပြုလုပ်ခဲ့ပါတယ်။
ဒီလှုပ်ရှားမှု ပြုလုပ်ခဲ့တဲ့ R.T.M အဖွဲ့တာဝန်ရှိသူက “ကျနော်တို့အနေနဲ့ အမိမြေအတွက် အဝေး တနေရာမှာ ရောက်နေပေမဲ့ ဘယ်တော့မှ သွေးအေးမသွားဘဲ စစ်အာဏာရှင်တော်လှန်ရေးမှာ တတ်စွမ်းသမျှ တဒေါင့်တနေရာမှ ပါဝင်လှုပ်ရှားနေကြမှာဖြစ်ပြီး ဆက်လက်ပြီးတော့လည်း အောင်ပွဲရတဲ့အထိလည်း ပြည်တွင်းပြည်ပ အင်အားစုတွေနဲ့အတူ ဆက်လက် လက်တွဲလှုပ်ရှားမယ်” လို့ ပြောပါတယ်။
ဇော်ဇော်လှိုင်







