
အိန္ဒိယနိုင်ငံမှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဩဂုတ် ၂ ရက်က အရှေ့ဘီဟာပြည်နယ်ရဲ့ ဒုတိယအကြီးဆုံးမြို့တော် ပတ်နာမြို့မှာ အဓိက စျေးနေရာတွေ အပါအဝင် မြို့အစိတ်အပိုင်းတွေကို ထိခိုက်ခဲ့ပြီး အရောင်းအဝယ်တွေ ရပ်တန့်ကုန်ပါတယ်။
တချိန်တည်းမှာပဲ အိန္ဒိယမြောက်ပိုင်း မန်ဒီမြို့မှာ ရေကြီးပြီး ရက်ပိုင်းအတွင်း အနည်းဆုံး လူ ၃ ယောက် သေဆုံးခဲ့ပြီးနောက် သြဂုတ် ၁ ရက်မှာ မြေပြိုမှုကြီးတခု ဖြစ်ပွားခဲ့လို့ လမ်းပိတ်ဆို့သွားခဲ့ပါတယ်။
မုတ်သုံရာသီဟာ အိန္ဒိယနိုင်ငံရဲ့ ဒေါ်လာ ၄ ထရီလီယံနီးပါး စီးပွားရေးရဲ့ အသက်သွေးကြောဖြစ်ပြီး လယ်ယာတွေအတွက် ရေပေးဝေဖို့နဲ့ ရေလှောင်ကန်တွေနဲ့ မြေအောက်ရေလှောင် ကျောက်လွှာတွေကို ပြန်လည်ဖြည့်တင်းဖို့အတွက်လိုအပ်တဲ့ မိုးရေချိန်ရဲ့ ၇၉ ရာခိုင်နှုန်း နီးပါးကို ယူဆောင်ပေးပါတယ်။
အိန္ဒိယနိုင်ငံရဲ့ လယ်ယာမြေတဝက်နီးပါးဟာ ရေသွင်းစိုက်ပျိုးခြင်း မပြုဘဲ သီးနှံကြီးထွားမှုအတွက်က ဇွန်လမှ စက်တင်ဘာလအတွင်း မုတ်သုံမိုးအပေါ် မူတည်ပါတယ်။ ဒါပေမဲ့လည်း မိုးအလွန်အကျွံ ရွာသွန်းမှုကြောင့် မြေပြိုတာနဲ့ ရေကြီးရေလျှံတာ ဖြစ်တတ်ပါတယ်။
Source: Reuters