Home
သတင်းဓာတ်ပုံ
“What happened to the Wolf?” ရုပ်ရှင် ဗန်ကူးဗားမြို့တွင်ပြသ (ဓာတ်ပုံ)
DVB
·
July 27, 2025
WHW3_27072025

တော်လှန်အနုပညာရှင်တွေဖြစ်တဲ့ အကယ်ဒမီ အိန္ဒြာကျော်ဇင်နဲ့ ပိုင်ဖြိုးသုတို့ ဦးဆောင် ပါဝင် သရုပ်ဆောင်ထားတဲ့ “What happened to the Wolf?” ရုပ်ရှင်ကို ကနေဒါနိုင်ငံ၊ ဗန်ကူးဗားမြို့၊ UBC တက္ကသိုလ်ခန်းမမှာ ဒေသစံတော်ချိန် ဇူလိုင် ၂၆ ရက်က ပြသခဲ့ပါတယ်။

ဒါရိုက်တာဏကြီး ရိုက်ကူးပုံဖော်ထားတဲ့ ဒီရုပ်ရှင်ကားမှာ အိန္ဒြာကျော်ဇင်နဲ့ ပိုင်ဖြိုးသုတို့နဲ့အတူ လွင်မိုး၊ အောင်မြင့်မြတ်၊ ကျော်ထက်အောင်နဲ့ တခြားသရုပ်ဆောင်တွေအများအပြား ပါဝင်သရုပ်ဆောင်ထားပါတယ်။

ရုပ်ရှင်ပြပွဲကို ဗန်ကူးဗားမြို့မှာ ၂ ကြိမ်ခွဲပြီး ပြသခဲ့တာမှာ   ဗြိတိသျှကိုလံဘီယာပြည်နယ်နဲ့ အယ်ဘာတာပြည်နယ်မှာနေထိုင်ကြတဲ့ မြန်မာပြည်သား ပရိသတ်တွေ  ရာနဲ့ချီ လာရောက် အားပေးခဲ့တာကိုတွေ့ရပြီး လက်မှတ်ဝယ်ယူ အားပေးသူ အယောက် ၂၀၀ ကျော်ရှိတယ်လို့ ပွဲစီစဉ်သူက ပြောပါတယ်။

“What Happened to the Wolf?” ရုပ်ရှင်ဟာ “မီ” ရုပ်ရှင်အပြီး ဒါရိုက်တာ ဏကြီးနဲ့ သရုပ်ဆောင် ပိုင်ဖြိုးသုတို့ရဲ့ ဒုတိယမြောက်ရုပ်ရှင် ဖြစ်ပါတယ်။

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းမှုမတိုင်ခင် ၂၀၂၀ မှာ ရိုက်ကူးပြီးစီးခဲ့ပြီး ပြည်တွင်းမှာ ရုံတင်ပြသဖို့ အဆင်မပြေတော့တဲ့အတွက် နိုင်ငံတကာမှာ ပြသနေတာဖြစ်ပါတယ်။ ဒီရုပ်ရှင်ကို ဂျပန်၊ စင်ကာပူ၊ ထိုင်း၊ အမေရိကန် စတဲ့ နိုင်ငံတွေက မြို့တွေမှာလည်း ပြသခဲ့ပြီး ရုပ်ရှင် ပရိသတ်တွေရဲ့ အသိအမှတ်ပြု အားပေးတာတွေ ရရှိနေတာပါ။

တော်လှန်ရေးအနုပညာရှင်တွေကို စစ်ကောင်စီက ဖမ်းဆီးတရားစွဲ ထောင်ချတာတွေ ဆက်တိုက်ပြုလုပ်ခဲ့ပေမဲ့ သူတို့ရဲ့ အနုပညာဆက်လက်ရှင်သန်နိုင်ဖို့ ပြည်သူတွေက တတ်နိုင်တဲ့ဘက်က ထောက်ခံအားပေးနေကြပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013