
ဗြိတိန်နဲ့ အိန္ဒိယနိုင်ငံတို့ လွတ်လပ်တဲ့ ကုန်သွယ်မှု စာချုပ်ချုပ်ဆိုပြီးနောက်မှာ အိန္ဒိယဝန်ကြီးချုပ် မိုဒီကို ဗြိတိန်ချားလ်ဘုရင်က သူ့ရဲ့ သီးသန့်အိမ်မှာ တွေ့ဆုံခဲ့ပါတယ်။
ဗြိတိန်နဲ့ အိန္ဒိယတို့ရဲ့ လွတ်လပ်တဲ့ ကုန်သွယ်မှုစာချုပ်ကြောင့် ဗြိတိန်နိုင်ငံရဲ့ ကားတွေ၊ ဝီစကီတွေ အိန္ဒိယကို ဈေးချိုချိုနဲ့ တင်ပို့ခွင့်ရမှာဖြစ်ပြီး အိန္ဒိယရဲ့ လက်ဝတ်ရတနာတွေနဲ့ ချည်ထည်တွေ ပြန်လည်တင်ခွင့်ရမှာဖြစ်ပါတယ်။
ဒီသဘောတူညီချက်ဟာ ၃ နှစ် သက်တမ်းရှိဖွယ်ရှိပြီး အိန္ဒိယနဲ့ ဗြိတိန်အကြား တရားမဝင်ရွှေ့ပြောင်းသူတွေရဲ့ အရေးကိုလည်း ကိုင်တွယ်ဆောင်ရွက်ဖို့ ပါရှိပါတယ်။
အိန္ဒိယနဲ့ လွတ်လပ်တဲ့ ကုန်သွယ်မှု စာချုပ်ချုပ်ဆိုနိုင်ခဲ့တာဟာ ဥရောပသမဂ္ဂကနေ ထွက်ခဲ့ပြီးနောက် ဗြိတိန်အတွက် အကြီးဆုံး စီးပွားရေးဆိုင်ရာ စာချုပ်ဖြစ်တယ်တယ်လို့ ဗြိတိန်ဝန်ကြီးချုပ်စတာမာက ပြောပါတယ်။
ဒီစာချုပ်ကြောင့် ဗြိတိန်နိုင်ငံအတွင်းမှာ အလုပ်ပေါင်း ၂၂၀၀ လောက် ပိုပြီး ဖန်တီးပေးနိုင်မယ်လို့လည်း စတာမာက ပြောပါတယ်။
အိန္ဒိယနိုင်ငံနဲ့ နှစ်ပေါင်းများစွာ ညှိနှိုင်းမှု ပြုလုပ်ခဲ့ပြီးနောက် ဗြိတိန်နိုင်ငံက ၁ နှစ်ကို ပေါင် ၄ ဒသမ ၈ ဘီလီယံအထိ စီးပွားရေတိုးမြှင့်မယ်လို့ ပြီးခဲ့တဲ့ မေလက ကြေညာခဲ့ပါတယ်။
ဗြိတိန်-အိန္ဒိယ လွတ်လပ်တဲ့ကုန်သွယ်မှုအတွက် နှစ်ပေါင်းများစွာ ဆွေးနွေးခဲ့ရပြီး အိန္ဒိယလွှတ်တော်မှာ ဒီတပတ်အစောပိုင်းက ဆုံးဖြတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။
ဒီသဘောတူညီချက်ထဲမှာ အဝတ်အထည်နဲ့ ရှူးဖိနပ်တွေ ကား၊ အေးခဲပုဇွန်အပါအဝင် အစားအသောက်တင်ပို့မှု၊ လက်ဝတ်ရတနာနဲ့ တွင်းထွက်ပစ္စည်းတွေ ပါဝင်ပါတယ်။
ဗြိတိန်ဘက်က ဂျင်၊ ဝီစကီစတဲ့ အဖျော်ရည်မကာ၊ လေယာဉ်၊ လျှပ်စစ်ပစ္စည်း၊ ဆေးဝါးပစ္စည်းတွေ၊ အလှကုန်တွေ၊ သိုးသား၊ ဆယ်မွန်ငါး၊ ချောကလက်၊ ဘီစကွတ်စတဲ့ အစားအသောက်တွေနဲ့ ဇိမ်ခံကားတွေ တင်ပို့ဖို့လည်း ပါဝင်ပါတယ်။
ဗြိတိန်နိုင်ငံဟာ အစောပိုင်းကတည်းက အိန္ဒိယနိုင်ငံနဲ့ ကုန်သွယ်မှုရှိပြီး တန်ဖိုး ပေါင် ၁၁ ဘီလီယံရှိတာ တွေရပါတယ်။
ဒါပေမဲ့ အခွန်နှုန်းလျှော့ချပြီး ကုန်ပစ္စည်းတင်သွင်းမှုက ကုန်ပစ္စည်း ထုတ်လုပ်ဖြန့်ချိဖို့အတွက်ပိုပြီး အားကောင်းစေမှာ ဖြစ်ပါတယ်။
Source:Reuters