မြဝတီမြို့တွင် ရေပြန်ကျသွားပြီးနောက် အမှိုက်များရှင်းလင်းရန်လိုအပ်နေ (ဓာတ်ပုံ)
DVB
·
July 25, 2025
ကရင်ပြည်နယ်၊ မြဝတီမြို့မှာ ၂ ရက်ကြာ ရေကြီးမှုနဲ့ ကြုံရပြီးနောက် ဇူလိုင် ၂၅ ရက်က ရေပြန်ကျသွားပြီ ဖြစ်ပါတယ်။
ရေနဲ့ အတူပါလာတဲ့ အမှိုက်တွေကတော့ လမ်းတွေပေါ်မှာ ကျန်ရစ်နေတဲ့အတွက် သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ မြို့ခံပြည်သူတွေပူးပေါင်းပြီး သန့်ရှင်းရေးလုပ်ရဖို့ ရှိနေပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက မိုးသည်းထန်ပြီး မြန်မာ-ထိုင်းနယ်စပ် သောင်ရင်းမြစ်ရေကြီးတာကြောင့် မြန်မာနိုင်ငံ မြဝတီမြို့မှာရော ထိုင်းနိုင်ငံ မဲဆောက်မြို့မှာပါ ဒေသခံ ပြည်သူတွေ ရေဘေးနဲ့ ကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။