
အသင်းထက် အရေးကြီးတာ ဘာမှမရှိကြောင်း တိုက်စစ်မှူး ယိုကရက်ရှ်အပေါ် စပို့တင်းပရိသတ်တွေက ဝေဖန်နေကြပါတယ်။
စပို့တင်းလစ္စဘွန်းအသင်းက ဆဲလ်တစ်နဲ့ ခြေစမ်းခဲ့တဲ့ ပထမဆုံး ရာသီကြိုခြေစမ်းပွဲမှာ စပို့တင်းပရိသတ်တွေက အသင်းနဲ့ ပူးပေါင်းခြင်းမရှိတဲ့ တိုက်စစ်မှူး ယိုကရက်ရှ်ကို ရည်ရွယ်ပြီး ပွဲကြည့်စင်ပေါ်ကနေ စာတန်းတွေကိုင်ဆောင်ပြီး ဝေဖန်ခဲ့ကြတာပါ။
အသင်းကနေ ထွက်ခွာမယ့်သူအတွက် ဝမ်းနည်းစရာမရှိဘဲ အသင်းမှာ ဆက်ရှိမယ့်သူတွေအတွက်ပဲ ဝမ်းမြောက်ကြောင်း ပရိသတ်တယောက်က သူ ယူဆောင်လာတဲ့ စာတန်းမှာရေးသားထားပါတယ်။
ဒါ့အပြင် ဘယ်သူပဲဖြစ်ဖြစ် အသင်းရဲ့အကျိုးစီးပွားလောက် အရေးကြီးတဲ့ ကစားသမား မရှိကြောင်း ဆိုတဲ့ စာသားတစ်ခုကိုလည်း ပရိသတ်တယောက်က ကိုင်မြှောက်ပြီး ဆန္ဒပြခဲ့တာပါ။
ဆွီဒင်တိုက်စစ်မှူးဟာ ၂ ရာသီအတွင်း ၉၇ ဂိုး သွင်းခဲ့ပြီး အာဆင်နယ်ဆီ ပြောင်းရွှေ့ဖို့ သဘောတူထားပေမဲ့ စပို့တင်းနဲ့ အာဆင်နယ်တို့ အကြားမှာ ပြောင်းရွှေ့ကြေး ညှိနိူင်းနေဆဲ ဖြစ်ပါတယ်။