
မန်စီးတီးအသင်းက ရောင်းချသွားမယ့် ကစားသမားစာရင်းမှာ နောက်ခံလူ ဂျွန်စတုန်းစ်လည်း ပါဝင် နေပါတယ်။
အင်္ဂလန်လက်ရွေးစင်နောက်ခံလူဟာ ဒဏ်ရာပြဿနာတွေကြောင့် ရုန်းကန်ခဲ့ရသူဖြစ်ပြီး မနှစ်ကရာသီက ပွဲစဉ် ၁၁ ပွဲပဲ ကစားခွင့်ရခဲ့သူပါ။
မန်စီးတီးအသင်းဟာ လက်ရှိ လူစာရင်းကို လျှော့ချသွားဖို့ လုပ်ဆောင်နေပြီး အသင်းကနေ ရောင်းထုတ်ဖို့ စီစဉ်ထားတဲ့ ကစားသမားတွေစာရင်းမှာ ဂျွန်စတုန်းစ်လည်း ပါဝင်လာတာပါ။
ကွင်းလယ်လူ ဂွမ်ဒိုဂမ်ကိုလည်း ထွက်ခွါခွင့်ပေးဖို့ ပြင်ဆင်နေပြီး ကိုဗာချစ်၊ နီကိုအိုရိုင်လီ၊ အီချီဗာရီ၊ အော်စကာဘော့တို့လည်းပါဝင်ကြောင်း The Athletic သတင်းမှာ ဖော်ပြပါတယ်။
အသက် ၃၁ နှစ်ရှိပြီဖြစ်တဲ့ စတုန်းစ်ဟာ ၂၀၁၅ ခုနှစ်ကတည်းက အဲဗာတန်ကနေ ပြောင်းရွှေ့လာသူဖြစ်ပြီး မန်စီးတီးနဲ့အတူ ပွဲပေါင်း ၃၀၀ နီးပါးကစားထားသူ ဖြစ်ပါတယ်။
Photo:Reuters