
အီရတ်နိုင်ငံ အရှေ့ပိုင်း အယ်လ်ကွတ်မြို့က ကုန်တိုက်တန်းကြီးတခု မီးလောင်ပြီး လူ ၆၀ ကျော် သေဆုံးကာ ၁၁ ယောက် ပျောက်ဆုံးနေတယ်လို့ မြို့တော်ရဲ့ ကျန်းမာရေးအာဏာပိုင်တွေနဲ့ ရဲသတင်းရင်းမြစ်နှစ်ခုက ဇူလိုင် ၁၇ ရက်မှာ ပြောပါတယ်။
ဆိုရှယ်မီဒီယာပေါ်မှာ ပျံ့နေတဲ့ ဗီဒီယိုတွေထဲမှာ မီးသတ်သမားတွေက မီးငြှိမ်းသတ်ဖို့ ကြိုးစားနေတုန်း အယ်လ်ကွတ်မြို့က ငါးထပ်အဆောက်အအုံတခု မီးလောင်နေတာကို ပြသခဲ့ပါတယ်။ ဗီဒီယိုတွေကို သီးခြား အတည်မပြုနိုင်ပါဘူး။
ကျန်းမာရေးအရာရှိ “ကျနော်တို့က သေဆုံးသူ ၅၉ ဦးရဲ့ အမည်စာရင်းကို အတည်ပြုပြီးပြီ။ ဒါပေမဲ့ အလောင်းတလောင်း မီးလောင်ပျက်စီးသွားတဲ့အတွက် ဖော်ထုတ်ရခက်ပါတယ်” လို့ ရိုက်တာသတင်းဌာနကို ပြောပါတယ်။
မီးလောင်ထားတဲ့ အပျက်အစီးတွေအောက်မှာ ဆယ်ယူလို့မရသေးတဲ့ အလောင်းတွေ ထပ်ရှိသေးတယ်လို့လိ အရာရှိ အလီအယ်လ် မာယာဟီက ရိုက်တာသတင်းဌာနကို ပြောပါတယ်။
မီးလောင်ရတဲ့ အကြောင်းရင်းကို ချက်ချင်းမသိရသေးပေမဲ့ စုံစမ်းစစ်ဆေးမှုကနေ ကနဦးရလဒ်တွေကို ၄၈ နာရီအတွင်း ထုတ်ပြန်မယ်လို့ ပြည်နယ်အုပ်ချုပ်ရေးမှူးကို ကိုးကားပြီး နိုင်ငံပိုင်သတင်းအေဂျင်စီ INA က ဖော်ပြထားပါတယ်။
“အဆောက်အအုံနဲ့ ကုန်တိုက်ပိုင်ရှင်ကို ကျနော်တို့ တရားစွဲထားပါတယ်” လို့ အုပ်ချုပ်ရေးမှူးက ပြောခဲ့တဲ့အကြောင်းလဲ INA က ထုတ်ပြန်ပါတယ်။
Source: Reuters