
ဥရောပသမဂ္ဂ (EU) နဲ့ အင်ဒိုနီးရှားတို့ လွတ်လပ်စွာကုန်သွယ်မှု သဘောတူညီချက်ကို အကောင်အထည်ဖော်ဖို့ နိုင်ငံရေး သဘောတူညီချက်တရပ် ရခဲ့တယ်လို့ ဥရောပကော်မရှင် ဥက္ကဋ္ဌက ဇူလိုင် ၁၃ ရက်မှာ ပြောလိုက်ပါတယ်။
ပြည့်စုံတဲ့ စီးပွားရေးမိတ်ဖက်ဆက်ဆံရေး သဘောတူညီချက်အတွက် CEPA လို့ နာမည်ပေးထားတဲ့ ကုန်သွယ်ရေး သဘောတူညီချက်ဟာ စိုက်ပျိုးရေးနဲ့ မော်တော်ယာဉ်ကဏ္ဍလို အဓိကစက်မှုလုပ်ငန်းတွေမှာ အခွင့်အလမ်းတွေကို ပိုဖန်တီးပေးလိမ့်မယ်လို့ ဗွန်ဒါလေယန်က ပြောပါတယ်။
ဥရောပကော်မရှင် ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါလေယန်က “ကျမတို့ရဲ့ ကုန်သွယ်မှု ဆက်ဆံရေးမှာ မထိမခိုက်နိုင်တဲ့ အလားအလာတွေ အများကြီး ရှိနေတာကြောင့် သဘောတူညီချက်အသစ်ဟာ စျေးကွက်အသစ်တွေကို ဖွင့်ပေးမှာဖြစ်လို့ ဒီသဘောတူညီချက်ဟာ အချိန်တန်လာပါပြီ” လို့ အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို ဆူဘီယံတိုနဲ့ ပူးတွဲ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
အင်ဒိုနီးရှားသမ္မတ ဆူဘီယံတိုကတော့ “ဥရောပဟာ ကျနော်တို့အတွက် အလွန်အရေးကြီးတယ်လို့ ကျနော်တို့ ယူဆပါတယ်။ ဒါကြောင့် ဥရောပရဲ့ တည်ရှိမှုနဲ့ ကျနော်တို့ရဲ့ စီးပွားရေးမှာ ဥရောပရဲ့ ပါဝင်ဆောင်ရွက်မှုကို ပိုမြင်ချင်ပါတယ်” လို့ ပြောပါတယ်။
Source: Reuters