Home
မြန်မာသတင်း
ကော့သောင်းအနောက်ဘက်ပင်လယ်ပြင်တွင် အင်အား ၅ အထက် ငလျင်ထပ်လှုပ်
DVB
·
July 13, 2025
EQ13072025

ကော့သောင်းမြို့ရဲ့ အနောက်တောင်ဘက် ပင်လယ်ပြင်ထဲမှာ ဇူလိုင် ၁၃ ရက် ဒီညပိုင်းက အင်အား ရစ်ချ်တာစကေး ၅ ဒသမ ၁ ရှိတဲ့ ငလျင်တခုထပ်လှုပ်တယ်လို့ စစ်ကောင်စီဩဇာခံ မိုးလေဝသဌာနကထုတ်ပြန်ပြီး အဲဒီနေရာမှာ ရက် ၂၀ အတွင်း အင်အား ရစ်ချ်တာစကေး ၅ ဝန်းကျင်နဲ့ ၆ ကြိမ် လှုပ်ခဲ့တာဖြစ်ပါတယ်။

ဒီည ၇ နာရီ ၄၄ မိနစ်က အိနိ္ဒိယနိုင်ငံ၊ နီကိုဘားကျွန်းနားမှာ အနက် ၁၀ ကီလိုမီတာကိုဗဟိုပြုပြီး အင်အားရစ်ချ်တာစကေး ၅ ဒသမ ၁ အဆင့်ရှိငလျင်တခုလှုပ်တယ်လို့ဆိုပါတယ်။

ဇွန် ၂၇ ရက် ည ၉ နာရီခွဲလောက်ကလည်း အဲဒီနေရာမှာ ရစ်ချ်တာစကေး ၅ အဆင့်၊ ဇွန် ၂၅ ရက်နေ့၊ ညနေ ၄ နာရီခွဲလောက်က ရစ်ချ်တာစကေး ၄ ဒသမ ၈၊ ဇွန် ၂၄ ရက်နေ့ ညနေ ၅ နာရီလောက်က ရစ်ချ်တာစကေး ၄ ဒသမ ၇၊ ည ၇ နာရီခွဲကျော်က ရစ်ချ်တာစကေး ၅ အဆင့်နဲ့ လှုပ်ခတ်ခဲ့ပါသေးတယ်။

အိန္ဒိယမိုးလေဝသဌာနရဲ့ အချက်အလက်တွေအရ ပြီးခဲ့တဲ့ဇွန်လကနေ ဒီနေ့အထိ အဲဒီနေရာဝန်းကျင်မှာ အင်အား ရစ်ချ်တာစကေး ၅ ဝန်းကျင်ရှိတဲ့ငလျင်ပေါင်း အကြိမ် ၂၀ ကျော် လှုပ်ခဲ့ပြီလို့သိရပါတယ်။

Photo : မိုး/ဇလ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013