စာရေးကောင်းသူ၊ အဟောအပြောကောင်းမွန်သူ မောင်သာချိုရဲ့စျာပနမှာ စာပေ၊ ရုပ်ရှင်၊ ပန်းချီ၊ အဆိုတော်နဲ့ နိုင်ငံရေးအသိုင်းအဝန်းအပြင် ဆရာ့စာဖတ်ပရိတ်သတ်တွေလည်း အများအပြား လာရောက် ပို့ဆောင်ခဲ့ပါတယ်။
ဆရာမောင်သာချိုဟာ မြန်မာစာပါမောက္ခဟောင်းတယောက်လည်းဖြစ်ပြီး တပည့်ကျောင်းသား ကျောင်းသူဟောင်းတွေလည်း အများအပြား လာရောက်ပို့ဆောင်ခဲ့ကြပါတယ်။
ဆရာဟာ မြန်မာ့ဒီမိုကရေစီအရေးမှာ မြန်မာပြည်သူလူထုအတွက် ရသစာပေအနှစ်သာရနဲ့ နိုင်ငံရေးအသိအမြင်တွေကို စာပေဟောပြောပွဲတွေ၊ စာအုပ်တွေကနေ ရေးသားပြောဆိုခဲ့တာ ဖြစ်ပါတယ်။










ဆရာမောင်သာချိုဟာ ဆီးကျိတ်ကင်ဆာရောဂါနဲ့ အသက် ၆၈ နှစ်အရွယ် ၂၀၂၅ ခုနှစ် ဇူလိုင် ၁၀ ရက်နေ့က ကွယ်လွန်ခဲ့တာဖြစ်ပြီး ကွယ်လွန်ချိန်မှာ ဇနီးနဲ့ သားတယောက်၊ သမီးတယောက် ကျန်ရစ်ခဲ့ပါတယ်။
စစ်အာဏာသိမ်းတဲ့နေ့မှာ ဆရာမောင်သာချိုနဲ့ ရွှေညဝါဆရာတော်ကြီးတို့ဟာ ပြိုင်တူဖမ်းဆီးခံခဲ့ရသလို ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၇ ရက်မှာ အင်းစိန်ထောင်ကနေ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်နဲ့ အတူလွတ်မြောက်ခဲ့ကြတာဖြစ်ပါတယ်။