Home
နိုင်ငံတကာ
လောင်စာဆီခလုတ်ပြဿနာကြောင့် Air India လေယာဉ် ပျက်ကျဟု ကနဦးစစ်ဆေးတွေ့ရှိ 
DVB
·
July 12, 2025
Photo :Reuters

ပြီးခဲ့တဲ့လက ပျက်ကျခဲ့တဲ့ Air India လေကြောင်းလိုင်းက လေယာဉ်ဟာ လောင်စာဆီပေးတဲ့ ခလုတ် ၂ ခုစလုံး ဖြတ်တောက်ခံရတဲ့ ပုံစံရှိတယ်လို့ စုံစမ်းမှုရဲ့ အကြိုထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပုံမှန်အားဖြင့် ဒီခလုတ် တွေကို ပိတ်ထားပါက လေယာဉ် အင်ဂျင်ရပ်တန့်မှာပဲဖြစ်ပြီး လေယာဉ်ပျက် မကျမီ ဖြစ်ပွားခဲ့ပုံရှိပါတယ်။

လေယာဉ်မှူးအခန်းထဲက အသံမှတ်တမ်းတွေအရ လေယာဉ်မောင်း ၂ ယောက်စလုံးက ဒီကိစ္စနဲ့ ပတ်သက်ပြီး ရှုပ်ထွေးမှုတွေ ဖြစ်ပေါ်ခဲ့တာ တွေ့ရပါတယ်။ 

လေယာဉ်မှူး တယောက်က ဘာဖြစ်လို့ လောင်စာဆီပေးတဲ့ ခလုတ်တွေကို ဖြတ်တောက်လိုက်တာလည်းလို့ သူ့ရဲ့ တွဲဖက်လေယာဉ်မှူးကို မေးခဲ့ပါတယ်။ 

တွဲဖက်လေ ယာဉ်မှူးကလည်း အဲ့ဒီလို မလုပ်ခဲ့ကြောင်း ပြန်လည်ပြောဆိုခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ 

CCTV မှတ်တမ်းတွေထဲမှာ လေယာဉ်ဟာ မြေပြင်ကနေ ပျံတက်ချိန်မှာပဲ အင်ဂျင်တွေ အလုပ် မလုပ်တော့ဘဲ ပျက်ကျခဲ့တာဖြစ်ပါတယ်။ 

Air India လေကြောင်းလိုင်း ပြောရေးဆိုခွင့်ရှိသူတယောက်က  လေယာဉ်ပျက်ကျမှုနဲ့ပတ်သက်တဲ့ စုံစမ်းစစ်ဆေးမှုတွေကို အာဏာပိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်မယ်လို့ ပြောထားပါတယ်။

ဇွန် ၁၂ ရက်က Air India လေယာဉ် ပျက်ကျမှုမှာ လူ ၂၆၀ သေဆုံးခဲ့ပြီး ဗြိတိန်နိုင်ငံသား  တယောက်သာ  အသက်ရှင်လျက်လွတ် မြောက်ခဲ့ပါတယ်။ 

Source:Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013