Home
အထွေထွေ
လားရှိုး လ.ဝ.က တွင် အိမ်ထောင်စုဇယားပြန်လုပ်ရန် ကျပ် သိန်း ၂၀ ပေးနေရ
DVB
·
July 10, 2025

စစ်ကောင်စီပြန်လည်အုပ်ချုပ်နေတဲ့ လားရှိုးမြို့ လ.ဝ.ကရုံးမှာ အိမ်ထောင်စုဇယား အပျောက်ပြန် လျှောက်တာကို ပွဲစားကနေ တဆင့် ဝန်ထမ်းတွေကို မြန်မာငွေကျပ်သိန်း ၂၀ ဝန်း ကျင်ပေးနေရတယ်လို့ ကိုယ်တိုင်ပြုလုပ်ခဲ့တဲ့ မြို့ခံတွေက ပြောပါတယ်။ 

တရုတ်နိုင်ငံရဲ့ ကြားဝင်မှုကြောင့် MNDAA ကိုးကန့်တပ်က ဆုတ်ခွာပေးခဲ့လို့ စစ်ကောင်စီ ပြန်လည် အုပ်ချုပ်ခွင့်ရခဲ့တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့က လ.ဝ.ကရုံးမှာ အိမ်ထောင်စုဇယား၊ မှတ်ပုံတင်နဲ့ ကလေးမွေးတိုးတွေကို ပြုလုပ်ပေးနေတာပါ။

အဲ့ဒီလိုလုပ်ပေးနေရာမှာ ပွဲစားတွေကနေတဆင့် သက်ဆိုင်ရာဝန်ထမ်းတွေကို အိမ်ထောင်စုဇယား အပျောက်ပြန်လျှောက်ရင် ကျပ်သိန်း ၂၀ ဝန်း ကျင်၊ အသစ်လျှောက်ရင် ကျပ်သိန်း ၃၀ ပေးနေရတာပါ။ 

အဲ့လို ငွေမပေးရင် ကိုယ်လုပ်ချင်တာရဖို့ မလွယ်ဘူးလို့ ကိုယ်တိုင် ပြုလုပ်ခဲ့တဲ့သူတွေက DVB ကို ပြောပါတယ်။

စစ်ကောင်စီလက်အောက်ခံ လူဝန်မှုကြီးကြပ်ရေးဌာနကနေ တရားဝင်အိမ်ထောင်စုရဖို့အတွက် ကျပ် သိန်း ၂၀၊  ၃၀ ပေးရသလို့ မှတ်ပုံတင် (ခ) နိုင်ငံသားစိစစ်ရေးကတ်ပြား အပျောက်ပြန်လျှောက်ရင် လည်း သွေးနှောဆို ကျပ် ၁၃ သိန်း၊ ဗမာအပါအဝင် တိုင်းရင်းသားဆို ကျပ် ၄ သိန်းဝန်းကျင် ကလေးမွေးတိုးထည့် တယောက်ကို အနည်းဆုံး ၈၀,၀၀၀ မွေးလက်မှတ်ရဖို့လည်း ကျပ်ငွေ ၅၀,၀၀၀ အနည်းဆုံး ပေးနေရတယ်လို့ လည်းဆိုပါတယ်။

၂၀၂၃ အောက်တိုဘာမှာ စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း ၂၀၂၄ ဇူလိုင် ၃ ရက်မှာ စစ်ကောင်စီရဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တည်ရှိရာ လားရှိုးမြို့ကို MNDAA ကိုးကန့်တပ်ဦး ဆောင်တဲ့ တော်လှန်ရေးအင်အားစုတွေက စတင်တိုက်ခိုက်ခဲ့ပြီး သြဂုတ် ၃ ရက်မှာ အပြီးတိုင်သိမ်းယူနိုင်ခဲ့ပါတယ်။

အဲ့ဒီလို သိမ်းယူခဲ့တဲ့ လားရှိုးမြို့က ရပ်ကွက် ၁၂ ခုကို တရုတ်နိုင်ငံရဲ့ ကြားဝင်မှုကြောင့် MNDAA ကိုးကန့်တပ်က အခုနှစ် ၂၀၂၅ ဧပြီလထဲမှာ ဆုတ်ခွာပေးတာပါ။

အဲ့ဒီနောက်ပိုင်း လားရှိုးမြို့ပေါ်မှာ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရားတွေ ပြန်လည် လည်ပတ်နေပြီး အကျင့်ပျက်ချစားမှုနဲ့ ဒုစရိုက်မှုတွေ ပေါများလာနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။ 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013