Home
နိုင်ငံတကာ
ထရမ့်ပ်နှင့် ဇလန်စကီး လေကြောင်းရန်ကာကွယ်ရေး ပူးပေါင်းထုတ်လုပ်ရေးအကြောင်း ဆွေးနွေး
DVB
·
July 5, 2025
Photo :Reuters

ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇလန်စကီးက သူဟာ အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်ပ်နဲ့ ဇူလိုင် ၄ ရက် သောကြာနေ့က စကားပြောဆိုမှုအတွင်း လေကြောင်းကာကွယ်ရေးတွေအကြောင်း ဆွေးနွေးခဲ့ပြီး ရုရှားတိုက်ခိုက်မှုတွေက အရှိန်မြှင့်လာတာကြောင့် ကိယိဗ်ရဲ့ ကောင်းကင်ယံကို ကာကွယ်နိုင်မှုစွမ်းရည်ကို တိုးမြှင့်လုပ်ဆောင်ဖို့  သဘောတူခဲ့ကြောင်း ပြောပါတယ်။

ယူကရိန်းဟာ ပက်ထရီယော့ထ် ဒုံးကျည်တွေနဲ့ စနစ်တွေကို ပိုမိုရောင်းချပေးဖို့ ဝါရှင်တန်ကို တောင်းဆိုထားပြီး အဲ့ဒီလက်နက်တွေဟာ ရုရှားလေကြောင်း တိုက်ခိုက်မှုတွေ ပြင်းထန်လာမှုကနေ သူ့ရဲ့မြို့တွေကို ခုခံကာကွယ်ရာမှာ အဓိကသော့ချက်ဖြစ်တယ်လို့ တွေးမြင်ထားပါတယ်။

သမ္မတ ၂ ယောက်ရဲ့ ဖုန်းခေါ်ဆို စကားပြောမှုဟာ မိနစ် ၄၀ လောက် ကြာမြင့်ကြောင်း အမည်မဖော်လိုတဲ့ သတင်းရင်းမြစ်တွေကို ကိုးကားပြီး အမေရိကန် သတင်းဝက်ဆိုက် Axios က ထုတ်ပြန်ခဲ့ပြီး ထရမ့်ပ်က ဇလန်စကီးကို အချိန်ခဏ စောင့်ဆိုင်းပေးမယ်ဆိုရင် ယူကရိန်းကို အမေရိကန်က ဘာလက်နက်တွေပေးပို့နိုင်မလဲ ဆိုတာကို စစ်ဆေးကြည့်မယ်လို့ ပြောကြားခဲ့ကြောင်း သိရပါတယ်။ 

သမ္မတ ဇလန်စကီး က သူ့ရဲ့ညစဉ်မိန့်ခွန်းမှာ သူနဲ့ထရမ့်ပ် တို့ဟာ လေကြောင်းကာကွယ်ရေးစနစ်တွေ အကြောင်း ဆွေးနွေးဖို့ သူတို့အဖွဲ့ ၂ ဖွဲ့အကြား အစည်းအဝေးတခု စီစဉ်ဖို့ သဘောတူခဲ့ကြတယ်လို့ ပြောပါတယ်။

ပူးပေါင်းထုတ်လုပ်ရေးနဲ့ ပတ်သက်ပြီး အသေးစိတ်ဆွေးနွေးမှုခဲ့ပြီး ပူးတွဲဝယ်ယူမှုနဲ့ ရင်းနှီးမြှုပ်နှံမှုတွေကိုလည်း ဆွေးနွေးခဲ့ကြောင်းလည်း ပြောကြားခဲ့ပါတယ်။ 

Source:Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013