Home
နိုင်ငံတကာ
ဒိန်းမတ်တွင် အမျိုးသမီးများ စစ်မှုထမ်းရန် စစ်တပ်ကို တိုးချဲ့ 
DVB
·
July 3, 2025
Photo :Reuters

ဥရောပမှာ လုံခြုံရေးစိုးရိမ်မှုတွေ မြင့်နေချိန်မှာ စစ်မှုထမ်းဖို့ အလားအလာအတွက် အကဲဖြတ်ဖို့ ဒိန်းမတ်နိုင်ငံမှာ အသက် ၁၈ နှစ်ပြည့်ပြီးသား အမျိုးသမီးတွေ ဇူလိုင် ၁ ရက်ကစပြီး မှတ်ပုံတင်ဖို့ လိုအပ်ပါတယ်။

ဥရောပမှာ လုံခြုံရေးစိုးရိမ်မှုတွေ မြင့်တက်နေချိန်မှာ အမျိုးသားတွေအတွက် ချမှတ်ထားတဲ့ အစီအမံတွေနဲ့ ကိုက်ညီတဲ့ လုပ်ဆောင်ချက်လည်း ဖြစ်ပါတယ်။

ဒီလှုပ်ရှားမှုဟာ မြောက်အတ္တလန္တိတ် စစ်ရေးမဟာမိတ်အဖွဲ့ (NATO) ရဲ့ ပန်းတိုင် ပစ်မှတ်တွေကို ပြည့်မီဖို့ဖြစ်ပြီး လာမယ့် ၅ နှစ်အတွင်း ကာကွယ်ရေးအသုံးစရိတ် ဒေါ်လာ ၅ ဒသမ ၉ ဘီလီယံ ရတဲ့အထိ တိုးမြှင့်မယ်လို့ ဒိန်းမတ်အစိုးရက မတ်လမှာ ကြေညာအပြီး ထပ်တိုး ဖော်ပြချက်လည်း ဖြစ်ပါတယ်။

ဒိန်းမတ်နိုင်ငံရဲ့ တော်ဝင် သက်စောင့်တပ်များ တည်ထောင်ခြင်း နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် ကိုပင်ဟေဂင်မြို့တော်မှာ နှစ်စဉ်ကျင်းပတဲ့ ချီတက်ပွဲမှာ စစ်သားလူငယ်တွေဟာ အပြာရောင်ဝတ်စုံတွေ ဝတ်ပြီး ဘုရင် ဒသမမြောက် ဖရက်ဒရစ်ခ်ရှေ့မှာ ချီတက်ခဲ့ကြပါတယ်။

တပ်ရင်းမှာ စေတနာ့ဝန်ထမ်းအဖြစ် သီးသန့်တာဝန်ထမ်းဆောင်နေတဲ့ ကက်သရင်းက “ကျမတို့ အခုကြုံတွေ့နေရတဲ့ ကမ္ဘာ့အခြေအနေမှာ စစ်မှုထမ်းတွေ ပိုများလာဖို့ လိုအပ်ပြီး အမျိုးသမီးတွေက အမျိုးသားတွေလို တန်းတူရည်တူ ပါဝင်ကူညီသင့်တယ်လို့ ကျမထင်ပါတယ်။ ဒါကြောင့် တကယ်တော့ ဒါဟာ အပြုသဘောဆောင်တဲ့ အပြောင်းအလဲတခုလို့ ကျမထင်ပါတယ်” လို့ ပြောပါတယ်။

ဒိန်းမတ်မှာ စစ်တပ်က နှစ်စဉ် စစ်သားစုဆောင်းလေ့ရှိပေမဲ့ စေတနာ့ဝန်ထမ်း မလုံလောက်ရင် အမျိုးသားအားလုံး စစ်မှုထမ်းဖို့  သင့်တော်ခြင်းရှိ မရှိ သုံးသပ်မှာ ဖြစ်ပါတယ်။

လက်ရှိ စစ်မှုထမ်းသက်တမ်းက ၄ လဖြစ်ပေမဲ့ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလမှာတော့ ၁၁ လအထိ သက်တမ်းတိုးမှာပါ။

ဒိန်းမတ်စစ်တပ်ဟာ ၂၀၂၆ ခုနှစ်မှာ လူငယ် ၄,၀၀၀ လောက် တာဝန်ထမ်းဆောင်မှု ပြီးမြောက်ဖို့ မျှော်လင့်ထားပြီး ၂၀၃၃ ခုနှစ်မှာ တနှစ်ကို အယောက် ၆,၅၀၀ အထိ တိုးလာဖို့ မျှော်လင့်ထားတယ်လို့ ဒိန်းမတ်စစ်တပ်က ပြောပါတယ်။

အစီအမံအသစ်တွေက စစ်မှုထမ်းရာမှာ အလုံးစုံပါဝင်မှုကို တိုးမြင့်စေပြီး အမျိုးသမီးတွေပါ ဒီစနစ်ထဲ ပိုတိုးပါဝင်လာဖို့ ရည်ရွယ်ထားပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013