Home
သတင်းဓာတ်ပုံ
ပဲခူးမြို့တွင် မြစ်ရေကြီးပြီး အနိမ့်ပိုင်းရပ်ကွက်အချို့ ရေစတင်ဝင်ရောက်
DVB
·
July 1, 2025
Photo: Lamin Mg (ပဲခူးမြို့ အနိမ့်ပိုင်းရပ်ကွက်အချို့အတွင်း ရေဝင်ရောက်မှု မြင်ကွင်းများ)

ပဲခူးမြို့က အနိမ့်ပိုင်းရပ်ကွက်အချို့မှာ ဇွန် ၃၀ ရက် ညပိုင်းက စတင်ပြီး ရပ်ကွက်ထဲ သိသိသာသာ ရေဝင်လာတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ကျောက်ကြီးစုရပ်ကွက်၊ ကန်သာယာရပ်ကွက်၊ ဇိုင်းတောင်ရပ်ကွက်၊ ဇိုင်းမြောက်ရပ်ကွက်၊ ကျောက်ကြီးစုရပ်ကွက်၊ ခေါင်းဆေးကျွန်းရပ်ကွက်၊ ရွာသစ်ရပ်ကွက်၊ စက်ပိုင်းရပ်ကွက်၊ ရွှေနံ့သာရပ်ကွက်၊ အိုးလေးစုရပ်ကွက်နဲ့ မြို့သစ် (င) ရပ်ကွက် စတဲ့ရပ်ကွက်တွေရဲ့ အနိမ့်ပိုင်းတွေမှာ ၁ ပေခွဲကနေ ၄ ပေခွဲခန့် အထိ ရေဝင်ရောက်လာတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။

“မနေ့ညကစပြီး ရေဝင်လာတာ။ အနိမ့်ပိုင်းဖြစ်တဲ့အတွက် နည်းတယ်၊ များတယ်တော့ ပြောလို့မရဘူး။ ခုထိတော့ ရေက တက်နေတုန်း။ နောက်ထပ်လည်း တက်ဖို့ရှိတယ်လို့ မိုးဇလက ကြေညာထားတော့လေ။ ထပ်မကြီးရင်တော့ အကောင်းဆုံးပါ။”

ပဲခူးမြစ်အတွင်း ဇွန် ၂၈ ရက်က စတင်ပြီးရေတက်လာတာဖြစ်ပေမဲ့ ဇွန် ၃၀ ရက်ညပိုင်းမှ ရပ်ကွက်တွေထဲကို ရေစတင်ဝင်ရောက်လာတာကြောင့် လတ်တလော စိုးရိမ်စရာ အခြေမနေတော့မရှိသေးဘူးလို့ ‌ ပဲခူးမြို့ခံတယောက်က ပြောပါတယ်။

“ခုလက်ရှိက မိုးမရွာဘဲ ရေကြီးတာ။ မြစ်ရတက်လို့ ရေကြီးတာ‌‌ပေါ့။ ပဲခူးမှာ အနိမ့်ပိုင်းရပ်ကွက်တွေက နှစ်စဉ်နှစ်တိုင်းလည်း ရေကြီးနေကျဆိုတော့ ရိုးရာလိုတောင်ဖြစ်နေပြီ။ လတ်တလောတော့ ရွှေ့ပြောင်းတာတွေဘာတွေ လုပ်စရာမလိုသေးဘူး။ ကြိုတင်ပြင်ဆင်စရာ ရှိတာတွေတော့ ပြင်ဆင်ရမှာပေါ့နော်။ ရေဒီထက်ပိုများလာမယ်ဆိုရင်တော့ ရေဘေးကယ်ဆယ်ရေးစခန်းတွေနဲ့ ကုန်းမြင့်တဲ့နေရာတွေ ဘေးကင်းတဲ့နေရာတွေဆီရွှေ့ရမှာပေါ့။”

ပဲခူးမြစ်ရေရဲ့ စိုးရိမ်ရေမှတ်က ၈၈၀ စင်တီမီတာရှိပြီး  အခုလက်ရှိမှာ စိုးရိမ်ရေမှတ်အောက် ၁ ပေကျော်ကို‌ ရောက်ရှိနေပြီလို့ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဇူလိုင် ၁ ရက် မနက် ၈ နာရီမှာ ထုတ်ပြန်ထားပြီး မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်း နေထိုင်သူတွေအနေနဲ့ မြစ်ရေ မြင့်တက်လာပါက ရှောင်ရှားဖို့ ထုတ်ပြန်ထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013