Home
နိုင်ငံတကာ
အစ္စရေး မရှိလျှင် အရှေ့အလယ်ပိုင်း ပြိုလဲသွားလိမ့်မည်ဟု နေတန်ယာဟု ပြော
DVB
·
July 1, 2025
Photo :Reuters

အစ္စရေး မရှိရင် အရှေ့အလယ်ပိုင်းဒေသက ပြိုလဲသွားလိမ့်မယ်လို့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက အစ္စရေးစစ်တပ် ခေါင်းဆောင်ပိုင်းကို ဇွန် ၃၀ ရက်က မိန့်ခွန်းပြောကြားရာမှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

“အီရန်မှာ အင်အားမနည်းတဲ့ ခြိမ်းခြောက်မှုတခု ပေါ်လာနေပြီး အဲဒါဟာ အစ္စရေးကို ခုထိ ခြိမ်းခြောက်နေတဲ့ အာရပ်ကမ္ဘာ အားလုံးပါဝင်တဲ့ ခြိမ်းခြောက်မှုမျိုးထက် ပိုလွန်တဲ့ အင်အားကောင်းမှုပဲ” လို့ အစ္စရေး၀န်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက ပြောပါတယ်။

သူတို့ဟာ အခြေခံအားဖြင့် ပျက်စီးခြင်းဖြစ်စေမယ့် လမ်းကြောင်း ၃ သွယ်ကို တည်ဆောက်ခဲ့ကြပြီး ပထမက The choke ring လို့ခေါ်တဲ့ အစ္စရေးကို မုန်းတီးတဲ့ နိုင်ငံအဖွဲ့တွေကနေတဆင့် နိုင်ငံရေးဖိအားနဲ့ စစ်ရေးခြိမ်းခြောက်မှုတွေနဲ့ အစ္စရေးကို ဖျက်ဆီးမယ့် အစီအစဉ်၊ ဒုတိယက အစ္စရေးကို ဒုံးကျည်ခြိမ်းခြောက်မှုနဲ့ ဖျက်ဆီးပစ်မယ့် အစီအစဉ်နဲ့ တတိယက နျူကလီးယား ခြိမ်းခြောက်မှုနဲ့ အစ္စရေးကို ဖျက်ဆီးမယ့် အစီအစဉ်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါကပဲ အီရန်စစ်အစိုးရ တည်ရှိနေတဲ့ အကြောင်းပဲလို့လည်း နေတန်ယာဟုက ပြောဆိုပါတယ်။

အစ္စရေးကို ဖျက်ဆီးပစ်ချင်တာက သူတို့ရဲ့ တခုတည်းသော အကြောင်းပြချက် မဟုတ်ဘဲ အစ္စရေးက သူတို့ရဲ့ အဓိကပစ်မှတ် မဟုတ်ပေမဲ့ သူတို့ရဲ့ အဓိကရည်မှန်းချက်တွေ အောင်မြင်ဖို့အတွက် သူတို့က အစ္စရေးကို ဖယ်ရှားပစ်မှ ရမှာဖြစ်ကြောင်း၊ အစ္စရေးကို မဖယ်ရှားနိုင်ရင် အရှေ့အလယ်ပိုင်းကို အောင်နိုင်မှာမဟုတ်ကြောင်း၊ ဒါကြောင့် အစ္စရေးတွေ မရှိတော့ဘူးဆိုရင် အရှေ့အလယ်ပိုင်းက ချက်ချင်းပြိုကျသွားမှာဖြစ်ကြောင်း နေတန်ယာဟုက ပြောပါတယ်။

အမေရိကန်ရဲ့ အခန်းကဏ္ဍနဲ့ပတ်သက်ပြီး မေးခွန်းတွေရှိလာကြတာမှာ အစ္စရေးကို အမေရိကန်ရဲ့ ထောက်ပံ့မှုတွေ အားလုံး မှတ်တမ်းတင်ထားပြီး ဒါက သဘောတူညီချက်တော့ မဟုတ်ဘူး လို့လည်း ဆိုပါတယ်။

ဒါပေမဲ့လည်း လူမျိုးတွေရဲ့ သမိုင်းနဲ့ ကမ္ဘာ့သမိုင်းမှာ အင်အားကြီးပြီး အစွမ်းထက်တဲ့ လုပ်ဆောင်ချက်တွေက မပါမဖြစ် မှတ်တမ်းတင်ခံရလိမ့်မယ်လို့လည်း ဆိုပါတယ်။

အစ္စရေးဟာ ဇွန် ၁၃ ရက်က လေကြောင်းစစ်ပွဲ ဆင်နွှဲခဲ့ရာမှာ အီရန် နျူကလီးယားစက်ရုံတွေကို တိုက်ခိုက်ခဲ့ရာ ထိပ်တန်း စစ်ဦးစီးချုပ်တွေနဲ့ အရပ်သားတွေပါ သေဆုံးခဲ့ပြီး ၁၉၈၀ ပြည့်နှစ် ကာလတွေက အီရတ်နဲ့ စစ်ပွဲနောက်ပိုင်းကာလကတည်းက အစ္စလာမ္မစ်သမ္မတနိုင်ငံအတွက် အဆိုးရွားဆုံးသော ထိုးနှက်ချက်လည်း ဖြစ်ပါတယ်။

အီရန်ကလည်း အစ္စရေးစစ်စခန်းတွေ၊ အခြေခံအဆောက်အအုံတွေနဲ့ မြို့တွေပေါ်ကို ဒုံးကျည်တွေ အတွဲလိုက် စုပြုံပစ်ခတ် လက်တုံ့ပြန်ခဲ့ပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ် ဇွန် ၂၄ ရက်က အပစ်အခတ်ရပ်စဲရေး အသက်မဝင်ခင် ဇွန် ၂၂ ရက်မှာ အမေရိကန်ဟာ စစ်ပွဲအတွင်း ဝင်ရောက်လာခဲ့ပြီး အီရန်နျူကလီးယားစက်ရုံတွေကို တိုက်ခိုက်ခဲ့ပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013