Home
အားကစား
အသင်းပြောင်းခွင့်အတွက် စပို့တင်းနှင့် ပြန်မပေါင်းရန် ယိုကရက်ရှ် ဆုံးဖြတ်
DVB
·
July 1, 2025
Photo: Reuters

စပို့တင်းတိုက်စစ်မှူး ဗစ်တာယိုကရက်ရှ်ဟာ အသင်းပြောင်းရွှေ့ခွင့်အတွက် စပို့တင်းအသင်းနဲ့ ပြန်လည်ပူးပေါင်းခြင်းမပြုဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ပေါ်တူဂီမီဒီယာ Record ရဲ့ ဖော်ပြချက်အရ ယိုကရက်ရှ်ဟာ ပြောင်းရွှေ့ကြေးအများကြီး လိုချင်နေတဲ့ အသင်းဥက္ကဋ္ဌအပေါ် စိတ်ဆိုးဒေါသထွက်နေပြီး အသင်းနဲ့ ရာသီကြိုလေ့ကျင့်မှုတွေမှာ ပူးပေါင်းခြင်း မပြုတော့ဘဲနေဖို့ ဆုံးဖြတ်ခဲ့တာလို့ သိရပါတယ်။

စပို့တင်းဥက္ကဋ္ဌ ဗာရန်ဒက်စ်ဟာ ယိုကရက်ရှ်အတွက် ပေါင်သန်း ၇၀ လောက်နဲ့ ရောင်းချမှာ မဟုတ်ဘူးလို့ အတိအလင်း ပြောဆိုထားတဲ့အပေါ် ယိုကရက်ဇ်က မကျေမနပ်ဖြစ်ခဲ့တာပါ။

ယိုကရက်ရှ်ကို ခေါ်ယူဖို့ အာဆင်နယ်က နံပါတ်တစ်ပြေးနေပေမဲ့ စပို့တင်းဘက်က ပြောင်းရွှေ့ကြေး မြှင့်တင်လိုက်လို့ ခေါ်ယူဖို့ နောက်ဆုတ်သွားကြောင်း သတင်းထွက်ပေါ် နေပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013