Home
အနုပညာ
ရောင်နီ Live in Florida ဂီတဖျော်ဖြေပွဲမှ ရန်ပုံငွေ ကန် ဒေါ်လာ ၇၅,၀၀၀ ကျော် ရရှိ
DVB
·
June 30, 2025
Photo: Ye Hein
Photo: Ye Hein
Photo: Ye Hein
Photo: Ye Hein
Photo: Ye Hein
Photo: Ye Hein
Photo: Ye Hein
Photo: Ye Hein
Photo: Ye Hein
Photo: Ye Hein
Photo: Ye Hein
Photo: Ye Hein
Photo: Ye Hein
Photo: Ye Hein
Photo: Ye Hein

အဆိုတော်လင်းလင်းနဲ့ ချစ်သုဝေတို့ ဦးဆောင် တင်ဆက်တဲ့ ရောင်နီ Live in Florida ဂီတဖျော်ဖြေပွဲကနေ တော်လှန်ရေးရန်ပုံငွေ ၇၅,၀၀၀ ကျော်ရရှိခဲ့ပြီး စာရင်းအသေးစိတ်ကို မကြာခင်မှာ ထုတ်ပြန်မယ်လို့ ပွဲစီစဉ်သူတွေက ပြောပါတယ်။

ဒေသစံတော်ချိန် ဇွန် ၂၈ ရက်က အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါမှာပြုလုပ်ခဲ့တဲ့ ရောင်နီ Live in Florida ဂီတဖျော်ဖြေပွဲဟာ အဆိုတော်လင်းလင်းနဲ့ ချစ်သုဝေတို့ရဲ့ US Tour မှာ စတုတ္ထမြောက်ပွဲ ဖြစ်ပါတယ်။

Live in Florida ပွဲမစခင်မှာ Art of Universe ၊ The Way ၊ Rhythum ပွဲတွေကနေ ရရှိတဲ့ရန်ပုံငွေတွေနဲ့ ရောင်နီ ( Maryland ၊ Boston နဲ့ San Francisco ) ပွဲတွေကနေ ရရှိတဲ့ ရန်ပုံငွေတွေကို မြေပြင်ကိုပို့ဆောင်ခွဲဝေမှု၊ အကောင်အထည်ဖော်ဆောင်မှုတွေကို အဆိုတော် လင်းလင်းက Slide Show နဲ့ ရှင်းလင်းပြောဆိုခဲ့ပါတယ်။

Zoom Meeting ကနေတဆင့် မြေပြင်ရဲဘော်တွေနဲ့ ပရိသတ်တွေကို အရင်ပွဲတွေကအတိုင်း မိတ်ဆက်ပေးခဲ့တာလည်း တွေ့ရပါတယ်။

Live in Florida ပွဲမှာ စန္ဒရားနဲ့ကီးဘုတ် Ko Dee၊ တယော Emily၊ ဘေ့စ်ဂစ်တာနဲ့ ဒရမ် Ko Demo၊ လိဒ်ဂစ်တာ Oliver တို့က တီးခတ် အားဖြည့်ခဲ့ပါတယ်။

ရောင်နီ Live in Texas ကို ဇူလိုင်လ ၁၉ ရက်နေ့ကျရင် Bastrop မြို့မှာ ဆက်လက်ကျင်းပ ဖျော်ဖြေသွားမှာ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013