Home
နိုင်ငံတကာ
ရဝမ်ဒါနှင့် ကွန်ဂို ငြိမ်းချမ်းရေးသဘောတူညီချက် လက်မှတ်ရေးထိုး
DVB
·
June 28, 2025
Photo :Reuters

ရဝမ်ဒါနိုင်ငံနဲ့ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံတို့ဟာ ဇွန် ၂၇ ရက်က အမေရိကန် ကြားဝင် စေ့စပ် အကျိုးဆောင်ထားတဲ့ ငြိမ်းချမ်းရေးသဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ပြီး အခုနှစ် အတွင်း လူထောင်ပေါင်းများစွာ သေဆုံးပြီး လူထောင်နဲ့ချီ အိုးအိမ်စွန့်ခွာ ထွက်ပြေးရတဲ့ တိုက်ပွဲတွေ အဆုံးသတ်ဖို့ မျှော်လင့်ထားပါတယ်။ 

ဝါရှင်တန်ရှိ လက်မှတ်ရေးထိုးပွဲ အခမ်းအနားမှာ အမေရိကန် နိုင်ငံခြားရေး၀န်ကြီး မာကိုရူဘီယို နဲ့အတူ အာဖရိက ၂ နိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေဟာ ရက်ပေါင်း ၉၀ အတွင်း ရဝမ်ဒါတပ်တွေ ကွန်ဂိုအရှေ့ပိုင်းမှ ဆုတ်ခွာသွားမယ့် ၂၀၂၄ သဘောတူညီချက်ကို အကောင်အထည်ဖော်ဖို့ ကတိပြုထားတဲ့ သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ 

ဒီသဘောတူညီချက်ဟာ အလှည့်အပြောင်း တခုပဲလို့ ရဝမ်ဒါနိုင်ငံခြားရေးဝန်ကြီး အိုလီဗီယာ နူဒွန်ဂါရေးန်ယာက ပြောပါတယ်။ 

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ထရစ်ဆဲ ကာယစ်ဝမ်ဘာ ဝဂ္ဂနာက အခုသဘောတူညီချက်ကို တပ်ဖွဲ့တွေ ပြန်ဆုတ်ခွာခြင်းအားဖြင့် လိုက်နာရမယ်လို့ ပြောဆိုပါတယ်။ 

ကွန်ဂိုနဲ့ ရဝမ်ဒါ နှစ် ၃၀ ကြာ ပဋိပက္ခကို အဆုံးသတ်စေမယ့် ငြိမ်းချမ်းရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ပြီးနောက်မှာ ဘဲဥပုံရုံးခန်းမှာ အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်ပ်က ကွန်ဂိုနဲ့ ရဝမ်ဒါ နိုင်ငံခြားရေး ဝန်ကြီးတွေကို ချီးကျူးခဲ့ပါတယ်။  

ဒီသဘောတူညီချက်ဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ အစိုးရအဖွဲ့က ကျင်းပတဲ့ ဆွေးနွေးပွဲတွေမှာ အောင်မြင်မှု တခုဖြစ်ပြီး ထန့်တလမ်၊ ရွှေ၊ ကိုဘော့၊ ကြေးနီ၊ လစ်သီယမ် နဲ့ တခြားသတ္တုဓာတ်တွေ ကြွယ်ဝတဲ့ဒေသကို အနောက်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှု ဒေါ်လာဘီလီယံပေါင်းများစွာ ကို ဆွဲဆောင်ဖို့ ရည်မှန်းထားပါတယ်။

ဘူကာဗူမြို့ခံတွေကတော့ သူတို့ရဲ့နေ့စဉ်လူနေမှုဘ၀မှာ အရေးပေါ်လုံခြုံရေး စိုးရိမ်မှုတွေနဲ့ စိတ်အနှောင့်အယှက်ဖြစ်နေရတာကြောင့် ငြိမ်းချမ်းရေးအတွက် သတိကြီးကြီးထားပြီး မျှော်လင့်ကြောင်း ပြောကြပါတယ်။ 

ဒေသခံတွေဟာ ညအချိန်သေနတ်သံတွေနဲ့ ပုံမှန်လုပ်ဆောင်မှုတွေကို တားဆီးနေတဲ့ လုံခြုံမှုမရှိခြင်းတွေနဲ့ ကြောက်ကြောက်ရွံ့ရွံ့ နေထိုင်နေကြရတယ်လို့ ဆိုပါတယ်။ 

Source:Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013