Home
အားကစား
ပဲလေ့စ် ကစားသမား အက်ဘာရက်ချီအိဇ်ကို ပေါင်သန်း ၆၀ ကျော်ဖြင့် အာဆင်နယ် ခေါ်ယူလို
DVB
·
June 28, 2025
Photo :Reuters

အာဆင်နယ်အသင်းဟာ ခရစ္စတယ်ပဲလေ့တိုက်စစ်ကစားသမား အက်ဘာရက်ချီအိဇ်ကို ပေါင်သန်း ၆၀ ကျော်နဲ့ ခေါ်ယူဖို့ ဆွေးနွေးနေပါတယ်။ 

အသက်၂၆ နှစ် ရှိ အင်္ဂလန်လက်ရွေးစင်ကစားသမားကို စပါးအသင်းကလည်း ချိတ်ဆက်နေပြီး အာဆင်နယ်က လက်ဦးမှုရယူဖို့ လုပ်ဆောင်လာခဲ့တာပါ။

အိဇ်ရဲ့ စာချုပ်ဖျက်သိမ်းကြေးက ပေါင် ၆၈ သန်းရှိပြီး စပါးအသင်းက ပေးချေခေါ်ယူဖို့ သတင်းထွက်နေပေမဲ့ အာဆင်နယ်ကလည်း ကစားသမားရဲ့ ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဆွေးနွေးနေတယ်လို့ သိရပါတယ်။ 

အာဆင်နယ်ဟာ တိုက်စစ်မှူးတယောက်ကို ခေါ်ယူဖို့ အဓိကပစ်မှတ်ထားနေပေမဲ့ တခြားနေရာတွေမှာလည်း အင်အားဖြည့်တင်းနေပြီး ချဲလ်ဆီးဂိုးသမား ကတ်ပါ၊ ဆိုစီဒက်ကွင်းလယ်လူ ဇူဘီမန်ဒီနဲ့ ဘရန့်ဖိုဒ်ကွင်းလယ်လူ ခရစ္စတီယန်နော်ဂတ်တို့ကိုလည်း  ခေါ်ယူဖို့ သဘောတူထားပါတယ်။ 

Photo: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013