ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊ ရေကျော်ကြီးကျေးရွာမှာ ဇွန် ၂၅ ရက် ညနေ ၄ နာရီခွဲလောက်က လေပြင်းတိုက်ခတ်ခဲ့ပြီး မူလတန်းစာသင်ကျောင်း အပါအဝင် လူနေအိမ်တချို့ ပျက်စီးခဲ့ကြောင်း ဒေသခံတွေဆီကနေ သိရပါတယ်။
ကျောင်းဆင်းချိန်မှာ လေမုန်တိုင်းတိုက်ခတ်ခဲ့တာကြောင့် ကျောင်းဆရာ ဆရာမတွေနဲ့ ကျောင်းသူ ကျောင်းသားတွေ ထိခိုက်မှုတော့ မရှိဘူးလို့ ဆိုပါတယ်။
ရေကျော်ကြီးကျေးရွာ ဒေသခံတယောက်က “လေတိုက်နှုန်း အရမ်းများတယ်၊ မိုးရော လေရော ကျတာ၊ အိမ်ခေါင်မိုးသွပ်တွေ အကုန် လေထဲလွင့်ပျံနေတာ၊ စာသင်ကျောင်းလည်း အတော်လေး ပျက်စီးသွားတယ်၊ လူတွေတော့ ထိခိုက်တာ မရှိဘူး။ ကလေးတွေ ကျောင်းဆင်းပြီးတဲ့အချိန်မို့လို့ တော်သေးတာပေါ့၊ နင့်မို့ဆို မလွယ်ဘူး၊ သွပ်ချပ်တွေက မိုးပေါ်တွေ ပျံနေတာ” လို့ ပြောပါတယ်။
စစ်ကောင်စီလက်အောက်ခံ မိုးလေဝသနဲ့ ဇလဗေဒဦးစီးဌာနကတော့ ဧရာဝတီတိုင်းထဲက မြို့နယ်တွေမှာ ဇွန် ၂၅ ရက်နဲ့ ၂၆ ရက်တွေမှာ မိုးသည်းထန်စွာ ရွာသွန်းနိုင်ပြီး လေပြင်းထန်နိုင်ကြောင်း ထုတ်ပြန်ထားပါတယ်။