Home
နိုင်ငံတကာ
နိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်စီ (IAEA) အရေးပေါ်အစည်းအဝေးကျင်းပ
DVB
·
June 24, 2025
Photo: Elisabeth Mandl/Reuters

အီရန်နိုင်ငံအနေနဲ့ နောက်ထပ် ခြိမ်းခြောက်မှုတွေကို ချေမှုန်းဖို့ လိုအပ်တဲ့၊ ပြတ်သားပြီး အချိုးကျတဲ့ အစီအမံတွေ ဆောင်ရွက်သွားမယ်လို့ IAEA အရေးပေါ် အစည်းအဝေးမှာ ကုလသမဂ္ဂ ဆိုင်ရာ အီရန် ကိုယ်စားလှယ်က ပြောလိုက်ပါတယ်။ 

နိုင်ငံတကာ အဏုမြူစွမ်းအင် အေဂျင်စီ IAEA က အရေးပေါ်အစည်းအဝေးကို ဩစတြီးယားနိုင်ငံရဲ့ မြို့တော် ဗီယန်နာမှာ ဇွန် ၂၃ ရက်က ခေါ်ယူကျင်းပချိန်မှာ အီရန်ဘက်က ပြောကြားလိုက်တာပါ။

ဖော်ဒေါင်း ယူရေနီယံကြွယ်ဝရေးစက်ရုံ အပါအဝင် အီရန် နျူကလီးယားစက်ရုံတွေကို အမေရိကန်က လေကြောင်းတိုက်ခိုက်အပြီးမှာ အရေးပေါ်အစည်းအဝေး ခေါ်ယူခဲ့တာဖြစ်ပါတယ်။

အဲဒီအစည်းအဝေးမှာ ကုလသမဂ္ဂဆိုင်ရာ အီရန် ကိုယ်စားလှယ်က နောက်ထပ် ခြိမ်းခြောက်မှု တွေကို ချေမှုန်းဖို့ လိုအပ်တဲ့၊ ပြတ်သားပြီး အချိုးကျတဲ့ အစီအမံတွေ ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

IAEA ညွှန်ချုပ် ရာဖယ်ဂရောက်ဇီက အုပ်ချုပ်ရေး ဘုတ်အဖွဲ့ သဘာပတိအဖြစ် အစည်းအဝေးမှာ တာဝန်ယူခဲ့ပြီး အမြင့်ဆုံး သည်းခံကြဖို့ တိုက်တွန်းခဲ့ပါတယ်။

အမေရိကန်ရဲ့ ဗုံးကြဲမှုဟာ တောင်တလုံးထဲမှာ ထွင်းဖောက် တည်ဆောက်ထားတဲ့ ဖော်ဒေါင်း စက်ရုံရဲ့ မြေအောက် ဌာနစိတ်တွေကို အင်မတန် သိသိသာသာ ဖျက်ဆီးမယ့် အလားအလာရှိလို့ စစ်ဆေးခွင့်ပေးဖို့ ပြောခဲ့ပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013