Home
မြန်မာသတင်း
၃ လအတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၅၀၀ ကျော်သေဆုံးပြီး ၁,၀၀၀ ကျော်ဒဏ်ရာရ
DVB
·
June 24, 2025

အင်အားပြင်းငလျင်လှုပ်ခဲ့တဲ့ မတ် ၂၈ ရက်ကနေ ၃ လလောက်အတွင်း စစ်ကောင်စီက လေကြောင်းကနေတိုက်ခိုက်တာကြောင့် လူပေါင်း ၅၀၀ ကျော်သေဆုံးပြီး ၁,၀၀၀ ကျော် ဒဏ်ရာရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနရဲ့ အချက်အလက်တွေအရ သိရပါတယ်။

ဇွန် ၂၀ ရက်အထိ ကာလအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုစုစုပေါင်း ၆၂၂ ကြိမ် ပြုလုပ်ခဲ့ပြီး လူ ၅၀၁ ယောက် သေဆုံး၊ ၁၀၅၇ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကိုင်းတိုင်းမှာ ၁၅၉ ယောက်သေဆုံးလို့ အများဆုံးဖြစ်ပြီး သေဆုံးသူတွေထဲမှာ အသက် ၁၈ နှစ်အောက် ကလေး ၇၆ ယောက်၊ ၁၈ နှစ်အထက် ၁၆၄ ယောက်နဲ့ အသက်အရွယ်မသိရတာက ၂၆၁ ယောက် ပါဝင်ပါတယ်။

မန္တလေးတိုင်းထဲမှာ ၁၆၇ ကြိမ် လေကြောင်းတိုက်ခိုက်ခဲ့လို့ အများဆုံးဖြစ်ပြီး စစ်ကိုင်းတိုင်းမှာ ၁၄၁ ကြိမ်၊ မကွေးတိုင်းမှာ ၇၉ ကြိမ်၊ ကရင်ပြည်နယ်မှာ အကြိမ် ၄၀၊ ပဲခူးတိုင်းမှာ ၃၇ ကြိမ်၊ ရှမ်းပြည်နယ်မှာ အကြိမ် ၃၀၊ ရခိုင်ပြည်နယ်မှာ ၂၈ ကြိမ်၊ ချင်းပြည်နယ်မှာ ၂၇ ကြိမ်၊ ကချင်ပြည်နယ်မှာ ၂၃ ကြိမ်၊ ဧရာဝတီတိုင်းမှာ ၁၆ ကြိမ်၊ တနင်္သာရီတိုင်းမှာ ၁၄ ကြိမ်၊ မွန်ပြည်နယ်မှာ ၁၂ ကြိမ်နဲ့ ကရင်နီမှာ ၇ ကြိမ် ရှိခဲ့ပါတယ်။

စစ်ကောင်စီက ငလျင်လှုပ်တဲ့ရက်မှာရော နောက်ရက်တွေမှာ တနိုင်ငံလုံးနီးပါးကို ဗုံးကြဲ တိုက်ခိုက်ခဲ့တာဖြစ်ပြီး DVB က ကောက်ယူထားတဲ့အချက်အလက်တွေအရ ငလျင်ကြောင့် လူပေါင်း ၄,၄၇၇ ယောက် သေဆုံးခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013