Home
နိုင်ငံတကာ
ဂရိနိုင်ငံတွင် တောမီးအကြီးအကျယ်လောင်ကျွမ်း
DVB
·
June 23, 2025
Photo: Reuters

ဂရိနိုင်ငံအရှေ့ပိုင်း အေဂျီယံဒေသ ခီးယို့စ်ကျွန်းပေါ်မှာ ဇွန် ၂၂ ရက်က အကြီးအကျယ် လောင်နေတဲ့ တောမီးကို မီးသတ်တပ်ဖွဲ့ဝင်တွေ ကြိုးစားငြှိမ်းသတ်နေရပါတယ်။

လေပြင်းတွေကြောင့် မီးက ကူးစက်ပျံ့နှံ့နေပြီး သစ်တောနဲ့ စိုက်ပျိုးမြေတွေမှာ မီးခိုးနက်တွေ ပျံ့လွင့်နေပါတယ်။

တောမီးကြောင့် ကုန်လှောင်ရုံတွေ ပျက်စီးခဲ့ပြီး အိမ်တွေကို မီးကူးစက်မယ့်ဘေးက ခြိမ်းခြောက်နေလို့ ကြိုတင်သတိပေးချက်အရ ရွာပေါင်း ၁၆ ရွာက လူတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရပါတယ်။

ခီးယို့စ်ကျွန်းအလယ်ပိုင်းမှာ နေ့လယ်ပိုင်းလောက်က မီးစတင်လောင်ကျွမ်းခဲ့ပြီး မျက်နှာစာ ၃ ဘက်ဆီကို ပျံ့နှံ့သွားပါတယ်။

အန္တရာယ်အရှိဆုံးက ကမ်းရိုးတန်းမြို့ ဗရွန်တာဒို့စ်ဆီ တောမီးဦးတည်လာတာပဲလို့ ဒေသန္တရ အုပ်ချုပ်ရေးမှူး ကွန်စတန်တီနို မွန့်ဇိုးရီးစ်က နိုင်ငံပိုင်ရုပ်သံလွှင့်ဌာန ERT ကို ပြောပါတယ်။

မီးငြှိမ်းဖို့ မီးသတ်သမား အယောက် ၁၄၀ လောက်ကို မီးသတ်ကား ၁၅ စီး၊ သစ်တောကွန်မန်ဒို အယောက် ၇၀ နဲ့အတူ မီးသတ်ဖို့ တာဝန်ချထားခဲ့တယ်လို့ ERT က ပြောပါတယ်။

ကျွန်းရဲ့ နေရာအတော်များများမှာ လျှပ်စစ်မီး ပြတ်တောက်ခဲ့ပါတယ်။ တနင်္လာနေ့ မနက်ပိုင်းလောက်မှာ နိုင်ငံရဲ့ အရပ်ဒေသ အသီးသီးက မီးသတ်တပ်ဖွဲ့ဝင်တွေ ထပ်တိုးလာမယ်လို့ မျှော်လင့်ရပြီး လေကြောင်းကနေ မီးငြှိမ်းသတ်တာတွေ ပြန်စမယ်လို့ မျှော်လင့်ရပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013