Home
အားကစား
ကလပ်ကမ္ဘာ့ဖလားပွဲတွင် ဘိုင်ယန်မြူးနစ်က အုပ်စုဗိုလ်အဖြစ် နောက်တဆင့်တက်  
DVB
·
June 23, 2025
Photo: Hannah Mckay/Reuters

ကလပ်ကမ္ဘာ့ဖလားပွဲ ဇွန် ၂၀ ရက်နေ့ ပွဲစဉ်မှာ  ဘိုင်ယန်မြူးနစ်က ဘိုကာဂျူနီယာအသင်းကို ၂-၁ ဂိုးနဲ့ အနိုင်ယူကာ အုပ်စုစီမှာ ထိပ်ဆုံးနေရာနဲ့ ၁၆ အသင်းအဆင့်ကို တက်ရောက်သွားပါတယ်။

အာဂျင်တီးနားကလပ် ဘိုကာဂျူနီယာအသင်းဟာ Hard Rock ကွင်းမှာ ပရိသတ်အများအပြား အားပေးမှုနဲ့ ကစားခွင့်ရခဲ့ပေမဲ့ ဘိုင်ယန်အသင်းရဲ့ တည်ငြိမ်မှုနဲ့ ခံနိုင်ရည်ရှိမှုဟာ ပွဲအဆုံးသတ်ပိုင်းကို ပိုပြီး မြင်သာစေခဲ့ပါတယ်။

ဟာရီကိန်းဟာ အသင်းအတွက် ဦးဆောင်ဂိုးကို ပထမပိုင်းအချိန်မှာကတည်းက သွင်းယူခဲ့ပြီးနောက် ဘိုကာအသင်းဘက်ကလည်း မာရန်တီအယ်လ်က ဒုတိယပိုင်းမှာ ချေပဂိုး ပြန်သွင်းယူခဲ့ပါတယ်။

ပွဲချိန် ၈၄ မိနစ်မှာတော့ ဘိုင်ယန်အတွက် အနိုင်ဂိုးကို မစ်ချဲအိုလစ်က သွင်းယူပေးခဲ့ပြီး အုပ်စုစီမှာ ၆ မှတ်နဲ့ ဘိုင်ယန်အသင်းကို ထိပ်ဆုံးကနေ နောက်တဆင့်တက်ရောက်သွားနိုင်ခဲ့ပါတယ်။

အုပ်စု ဒုတိယနေရာမှာတော့ ဘင်ဖီကာအသင်းက ရမှတ် ၄ မှတ်နဲ့ နောက်တဆင့် တက်သွားနိုင်ခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013