Home
မြန်မာသတင်း
လူးဝစ်ဒီယက်စ်နှင့် လီဗာပူးဂန္ထဝင်များ၏ ဂျာစီလေလံမှ ငွေကျပ် ၅၁ သိန်းကျော်ရရှိ
DVB
·
June 22, 2025

ငလျင်ဒဏ်သင့်ဒေသက မူလတန်း ကျောင်းသား၊ ကျောင်းသူတွေအတွက် လီဗာပူးအသင်းက လူးဝစ်ဒီယက်စ် လက်မှတ်ပါ ဂျာစီနဲ့ ဂန္ထဝင်ကစားသမားတွေရဲ့ လက်မှတ်ပါဂျာစီကို လေလံတင် ရောင်းချတာကနေ ငွေကျပ် ၅၁ သိန်းကျော်ရရှိတယ်လို့ လီဗာပူးရဲ့ မြန်မာပရိသတ်ကလပ် OLSC Myanmar ဆီက သိရပါတယ်။

လီဗာပူး အသင်းမှာ လက်ရှိကစားနေတဲ့ လူးဝစ်ဒီယက်စ် လက်မှတ်ရေးထိုးထားတဲ့ ဂျာစီကို ဇွန် ၂၀ ရက် နောက်ဆုံးအထိ လေလံတင်တာကနေ ငွေကျပ် ၂၅ သိန်းရတယ်လို့ သိရပါတယ်။

အဲဒါအပြင် ၂၀၀၁ ခုနှစ်က ဖလား ၅ လုံးရ လီဗာပူးအသင်း ဂန္ထဝင်တွေဖြစ်ကြတဲ့ လူးဝစ်ဂါစီယာ၊ ဂျွန်အာနေရီဆီတို့ရဲ့ လက်မှတ်ပါ ဂျာစီ ၂ ထည်ကို လေလံတင်ရောင်းချရာကနေလည်း ငွေကျပ် သိန်း ၂၀ ရရှိတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် လီဗာပူး ဂန္ထဝင်ကစားသမား ရော်ဘီဖောင်လာရဲ့ ဂျာစီကိုတော့ ဇွန် ၂၂ ရက်မှာ ကံစမ်းမဲနှိုက်ပေးမှာဖြစ်ပြီးတော့ အဲဒီကနေ ငွေကျပ် ၆ သိန်းကျော် ရရှိထားတာကြောင့် စုစုပေါင်း အလှူငွေ ၅၁ သိန်းကျော်ရရှိထားတယ်လို့ သိရပါတယ်။

အဲဒီဂျာစီတွေ လေလံတင်ရရှိတဲ့ငွေကို မန္တလေး၊ စစ်ကိုင်းနဲ့ ညောင်ရွှေ၊ အင်းလေးဒေသက မူလတန်း ကျောင်းသား၊ ကျောင်းသူတွေဆီ ပေးပို့လှူဒါန်းသွားမှာဖြစ်ပါတယ်။

ငလျင်ဘေး စဖြစ်ကတည်းက လှူဒါန်းနိုင်ဖို့ OLSC Myanmar က လီဗာပူး ဖောင်ဒေးရှင်းဘက်ကို ဆက်သွယ်တာမှာ လူးဝစ်ဒီယက်စ် လက်မှတ်ပါတဲ့ အင်္ကျီပြန်ပို့ပေးခဲ့တာဖြစ်ပြီး လီဗာပူး ပရိသတ်တယောက်ကလည်း သူ့ဆီမှာရှိတဲ့ လီဗာပူး ဂန္ထဝင်ကစားသမားတွေလက်မှတ်ပါတဲ့ အင်္ကျီကို ပြန်လှူဒါန်းခဲ့တာလို့ သိရပါတယ်။

OLSC က မူလတန်းကျောင်းသားတယောက်ကို တနှစ်စာပညာသင်နှစ်အတွက် လိုအပ်တဲ့ စာရေးကိရိယာတွေ လွယ်အိတ်၊ ကျောင်းဝတ်စုံတွေ ဝယ်ယူနိုင်ဖို့ ကျပ်ငွေ ၂ သိန်းစီ လှူဒါန်းဖို့ လျာထားတယ်လို့ ဆိုပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013