Home
နိုင်ငံတကာ
ဘာလီကျွန်းတွင် သြစတြေးလျနိုင်ငံသား ၂ ဦး ပစ်ခတ်ခံရပြီး ၁ ဦးသေဆုံး
DVB
·
June 16, 2025
Photo: Reuters

အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာ ဇွန် ၁၄ ရက် ညသန်းခေါင်ကျော်က သေနတ်ပစ်ခတ်မှုအတွင်း သြစတြေးလျ အမျိုးသားတယောက် သေနတ်ထိမှန် သေဆုံးပြီး နောက်အမျိုးသားတယောက် ဒဏ်ရာရခဲ့တယ်လို့ ဒေသန္တရရဲတပ်ဖွဲ့က မီဒီယာတွေကို ပြောပါတယ်။

ဘာလီရဲတပ်ဖွဲ့က ကမ္ဘာလှည့်ခရီးသည်တွေအသွားများတဲ့ ကျွန်းရဲ့ တောင်ဘက်ခြမ်းက ဘာဒန် ဂေဟာမှာရှိတဲ့ ဗီလာတခုအတွင်း ပစ်ခတ်မှုမှာ ပါဝင်ပတ်သက်တယ်လို့ ယူဆရတဲ့ လူ ၂ ယောက်ကို ရှာနေတယ်လို့ ဘာလီရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ခွန်းဘက်စ် အာရီယာစန်ဒီက ပြောတယ်လို့ Detik.com သတင်းဝက်ဘ်ဆိုက်မှာ ဖော်ပြပါတယ်။

အသက် ၃၂ နှစ်အရွယ် ဇီဗန်က ပွဲချင်းပြီး သေဆုံးခဲ့ပြီး အသက် ၃၅ နှစ်အရွယ် ဆာနာက ဒဏ်ရာအပြင်းအထန်ရလို့ ဆေးရုံရဲ့ အထူးကြပ်မတ်ကုသဆောင်မှာ ပို့ပြီး ကုသထားတယ်လို့ Detik သတင်းဌာနက ဖော်ပြထားပါတယ်။

အခင်းဖြစ်တဲ့နေရာကနေ မော်တော်ဆိုင်ကယ် ၂ စီးနဲ့ ထွက်ပြေးသွားသူ ၂ ယောက်ပုံကို မျက်မြင်သက်သေက သရုပ်ဖော်ပေးခဲ့တယ်၊ သံသယရှိသူ ၂ ယောက်ဟာ ဩစတြေးလျ လေယူလေသိမ်းနဲ့ အင်္ဂလိပ်စကားကို ပြောခဲ့ကြတယ်လို့လည်း အာရီယာ စန်ဒီက ပြောပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013