Home
နိုင်ငံတကာ
အိန္ဒိယတွင် ဘုရားဖူးများ လိုက်ပါသည့် ရဟတ်ယာဉ်ပျက်ကျပြီး ၇ ဦးသေ
DVB
·
June 15, 2025
Photo : Times of India

အိန္ဒိယနိုင်ငံမှာ ဇွန် ၁၅ ရက် ဒီမနက်ပိုင်းက ရဟတ်ယာဉ်ပျက်ကျတာကြောင့် လူ ၇ ယောက် သေဆုံးသွားတယ်လို့ Times of India သတင်းမှာ ဖော်ပြပါတယ်။

Aryan Aviation Pvt Ltd လေကြောင်းလိုင်းပိုင် ရဟတ်ယာဉ်ဟာ ကေဒါဂါတီမြို့နယ်က ဂေါရီကွန်ဒ် ရွာနဲ့ တြိဂျူဂီနာရာယန် ရွာကြားမှာ ပျက်ကျမီးလောင်ခဲ့တာပါ။

အဲဒီရွာနှစ်ရွာဟာ ဘာသာရေးအရ အလွန်အရေးပါပြီး ဘုရားဖူးခရီးစဉ်တွေအတွက် အခြေစိုက်စခန်းတွေဖြစ်သလို ဂေါရီကွန်ဒ် ရွာဟာ ကေဒါနတ် (Kedarnath) ဘုရားကျောင်းကို တက်ရောက်မယ့် ဘုရားဖူးတွေအတွက် အဓိကအခြေစိုက်စခန်း ဖြစ်ပါတယ်။

တြိဂျူဂီနာရာယန် ရွာကတော့ ထင်ရှားတဲ့ ဘုရားကျောင်းတည်ရှိရာ ရွာလေးတရွာ ဖြစ်ပြီး ဘုရားဖူးတွေနဲ့ ခရီးသွားတွေ လာရောက်လည်ပတ်လေ့ရှိပါတယ်။

မြို့ပြလေကြောင်းဖွံ့ဖြိုးတိုးတက်ရေးအာဏာပိုင်အဖွဲ့ (UCADA)ရဲ့ အဆိုအရ အဲဒီ ရဟတ်ယာဉ်ဟာ  ကေဒါနတ် ကနေ ဂုပ်ကာရှိ ကို ပျံသန်းနေတုန်း ပျက်ကျခဲ့တာလို့ ဆိုပါတယ်။

ဂါးရ်ဝါလ် ဒေသကြီး အင်စပက်တော်ချုပ် က ရဟတ်ယာဉ်ပျက်ကျတာကို အတည်ပြုခဲ့ပြီး အလွန်ဝေးလံခေါင်သီတဲ့ဒေသမှာ ဖြစ်တယ်လို့ဆိုသလို ရဲတပ်ဖွဲ့နဲ့ ပြည်နယ် ဘေးအန္တရာယ် တုံ့ပြန်ရေးတပ်ဖွဲ့တွေကို စေလွှတ်ထားတယ်လို့လည်း ဆိုပါတယ်။

ရဟတ်ယာဉ်မောင်းသူ အပါအဝင် လင်မယားနှစ်ယောက်နဲ့ သူတို့ရဲ့ ၂ နှစ်အရွယ်သမီးလေး၊ နောက်ထပ် ဘုရားဖူးခရီးသည် ၃ ယောက်တို့ သေဆုံးခဲ့တယ်လို့ အတည်ပြုထားပါတယ်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013