
မန်စီးတီးအသင်းဟာ ပြင်သစ်ကလပ် လိုင်ယွန်ကရွိုင်ယန်ချက်ကီကို ပေါင် သန်း ၃၀ ဒသမ ၅ သန်းနဲ့ ခေါ်ယူပြီး ၅ နှစ်စာချုပ် ချုပ်ဆိုခဲ့ပါတယ်။
ကလပ်ကမ္ဘာ့ဖလားမတိုင်ခင် အပြီးသတ်ခေါ်ယူနိုင်ခဲ့တာဖြစ်ပြီး လာမယ့်ရာသီအတွက် ၃ ယောက်မြောက် ကစားသမားခေါ်ယူမှု ဖြစ်လာခဲ့တာပါ။
မန်စီးတီးလိုထိပ်တန်းအသင်းကြီးမှာ ကစားခွင့်ရဖို့က အိပ်မက်တခုဖြစ်ပြီး ကစားသမားဘဝမှာ နောက်ထပ်ခြေတလှမ်းတက်နိုင်ဖို့ အခွင့်အရေးရလာတာက ခမ်းနားကြီးကျယ်ကြောင်း ကစားသမားသစ် ချက်ကီက ပြောပါတယ်။
အသက် ၂၁ နှစ်ပဲရှိသေးတဲ့ ချက်ကီဟာ ပြင်သစ်လက်ရွေးစင်အသင်းမှာလည်း ပါဝင်နေသူဖြစ်ပြီး မနှစ်ကရာသီက လိုင်ယွန်နဲ့ ၄၄ ပွဲမှာ ၁၂ ဂိုးသွင်းပြီး ဂိုးဖန်တီးနိုင်မှု အကြိမ် ၂၀ အထိ လုပ်ဆောင်နိုင်ခဲ့ သူဖြစ်ပါတယ်။
မန်စီးတီးဟာ ဝုဗ်နောက်ခံလူ နူရီနဲ့ ချဲလ်ဆီးဂိုသမား ဘက်တင်နယ်လီတို့ကိုလည်း ခေါ်ယူ ထားပါတယ်။
Photo:Reuters