
ရီးရဲလ်မက်ဒရစ်အသင်းဟာ အာဆင်နယ်ဆီပြောင်းရွှေ့ဖို့ သဘောတူညီထားတဲ့ စပိန်ကွင်းလယ် လူ ဇူဘီမန်ဒီကို ကြားဖြတ်ခေါ်ယူဖို့ ကြိုးပမ်းလာပါတယ်။
ဇူဘီမန်ဒီဟာ ပြင်သစ်နဲ့ ပေါ်တူဂီအသင်းတွေနဲ့ ကစားခဲ့တဲ့နေးရှင်းလိဂ်ပွဲစဉ် ၂ ပွဲမှာ ခြေစွမ်းပြ ကစားနိုင်ခဲ့ပြီး ပေါ်တူဂီနဲ့ပွဲမှာ တဂိုးသွင်းခဲ့ပါတယ်။
ရီးရဲလ်အသင်းတာဝန်ရှိသူတွေဟာ စပိန်အသင်းမှာပြသခဲ့တဲ့ ဇူဘီမန်ဒီရဲ့ စွမ်းဆောင်ရည်ကို သဘောကျလာတာကြောင့် အာဆင်နယ်အသင်းဆီကနေ ကြားဖြတ်ခေါ်ယူနိုင်ဖို့ လုပ်ဆောင် လာတာလို့ သိရပါတယ်။
စပိန်သတင်းစာ မာကာရဲ့အဆိုအရ အာဆင်နယ်ဟာ ဇူဘီမန်ဒီကို ဆေးစစ်ပြီး အပြီးသတ် စာချုပ်လုပ်ဖိုအထိ စီစဉ်ထားပြီးဖြစ်ပေမဲ့ ရီးရဲလ်မက်ဒရစ်က ကြားဖြတ်ခေါ်ယူဖို့ ကြိုး ပမ်းလာခဲ့တာလို့ ဖော်ပြပါတယ်။
အသက် ၂၆ နှစ်ရှိ ဆိုစီဒက်ကွင်းလယ်ကစားသမားဟာ ဆိုဆီဒက် တသင်းထဲမှာပဲ ကစားခဲ့သူဖြစ်ပြီး အာဆင်နယ်ဆီပြောင်းရွှေ့ဖို့ သဘောတူထားတာ ဖြစ်ပါတယ်။
Photo:Reuters