
မန်ယူအသင်းနဲ့ စာချုပ်ကျန်သေးလို့ အသင်းမှာ ဆက်ပြီးရှိချင်ကြောင်း တိုက်စစ်မှူး ဟွိုက်လန်း က ပြောပါတယ်။
ဒိန်းမတ်တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ရာသီ လိဂ် ၃၂ ပွဲမှာ ၄ ဂိုးသာရခဲ့တာကြောင့် မန်ယူအသင်းက ရောင်းထုတ်ဖို့ ပြင်ဆင်နေတယ်လို့ သတင်းထွက်နေတာပါ။
အီတလီကလပ်တွေဆီ ရောင်းချခံရနိုင်တယ်ဆိုတဲ့ အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်နေတဲ့တိုင် တိုက်စစ်မှူးဟွိုက်လန်းကတော့ မန်ယူမှာဆက်နေဖို့ ဆန္ဒရှိကြောင်း ပြောခဲ့တာပါ။
အားလပ်ရက် အပန်းဖြေပြီးနောက်မှာ မန်ယူနိုက်တက်အတွက် အဆင်သင့်ဖြစ်နေဖို့ လုပ်ဆောင်သွားမှာဖြစ်ပြီး ၂၀၂၈ ခုနှစ်အထိ စာချုပ်သက်တမ်းကျန်သေးတာကြောင့် အသင်းမှာ ဆက်လက်ကစားနိုင်ဖို့ မျှော်လင့်ကြောင်း ဟွိုက်လန်းက ပြောပါတယ်။
အသက် ၂၂ နှစ်ရှိ တိုက်စစ်မှူးကို မန်ယူအသင်းက ပေါင် ၇၂ သန်းအထိ ပေးချေပြီး ခေါ်ယူခဲ့ပေမဲ့ မျှော်မှန်းထားသလောက် ခြေစွမ်းမပြနိုင်ခဲ့လို့ ရောင်းထုတ်ဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။