
ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးကျေးရွာမှာ ဇွန် ၉ ရက်နေ့က ဆွေးမြည့်နေတဲ့ ရုပ်အလောင်းတခုတွေ့ရှိခဲ့တယ်လို့ ကယ်ဆယ်ရေးပြုလုပ်ပေးသူက ပြောပါတယ်။
“ရုပ်အလောင်းကို သယ်ထုတ်ဖို့ သူတို့ (KSP) က ပြောလာလို့ သွားပြီးသယ်ထုတ်ပေးတာပါ။ လောလောဆယ် သေဆုံးသူရဲ့အမျိုးနဲ့ အဆက်အသွယ်မရသေးဘူးပေါ့နော်၊ KSP လက်ထဲပဲ အပ်လိုက်တယ်” လို့ ပြောပါတယ်။
သေဆုံးသူနဲ့ပတ်သက်ပြီး မည်သူဖြစ်ကြောင်း အတိအကျမသိရသေးသလို ဘာကြောင့် သေဆုံးခဲ့ရတယ်ဆိုတာကိုသိဖို့ ကရင်နီပြည်ရဲဌာန (KSP) ရဲ့ ဒုရဲချုပ် ဘိုဘို ကို ဆက်သွယ်ပေမဲ့ အင်တာနက်အခက်အခဲကြောင့် ပြန်လည်ဖြေကြားခြင်းမရှိသေးပါဘူး။
ပြီးခဲ့တဲ့ မေ ၁၆ ရက်နေ့မှာလည်း စိတ်ကျန်းမာရေး အနည်းငယ်ချို့ယွင်းနေတဲ့ အမျိုးသမီးတယောက် နေအိမ်ကနေထွက်သွားပြီး ၁၀ ရက်ကျော်အကြာမှာတော့ တောတွင်းတနေရာမှာ သေဆုံးလျက်ပြန်တွေ့ခဲ့ရပါတယ်။
ဓာတ်ပုံ-ကူညီကယ်ဆယ်ပေးသူ