Home
နိုင်ငံတကာ
နာမည်ကျော်များလိုက်ပါလာသည့် ဂါဇာ အကူအညီပေးရေးရွက်လှေကို အစ္စရေး စီးနင်းဟန့်တား
DVB
·
June 9, 2025
Photo: ISRAEL FOREIGN MINISTRY VIA X

ဂါဇာကမ်းမြောင် ရေလမ်းကြောင်းအဝင် ပိတ်ဆို့ထားမှုကို ချိုးဖျက်ဖို့ ရည်ရွယ်တဲ့  အကူအညီပေးရေး ရွက်လှေတစင်းကို အစ္စရေးတပ်ဖွဲ့တွေက ဝင်ရောက်စီးနင်း ဟန့်တားခဲ့ပါတယ်။

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လှုံ့ဆော်သူ ဂရီသာသန်းဘာ့ဂျ် အပါအဝင် အဖွဲ့ဝင် ၁၂ ယောက်ပါတဲ့ လှေကို အစ္စရေးစစ်တပ်က ထိန်းချုပ်လိုက်အပြီးမှာ အစ္စရေးဆိပ်ကမ်းတခုဆီကို ဦးတည်သွားပြီလို့ သိရပါတယ်။

ဆယ်လီတွေရဲ့ ဆဲလ်ဖီရွက်လှေဟာ အစ္စရေးကမ်းရိုးတန်းဆီကို ဘေးကင်းရန်ကင်း ထွက်ခွာသွားပြီလို့ အစ္စရေး နိုင်ငံခြားရေးဝန်ကြီးဌာနက X လူမှုကွန်ရက်မှာ လှောင်ပြောင်ရေးသားခဲ့ပါတယ်။

နာမည်ကျော်တွေပါဝင်တဲ့ ဒီရွက်လှေဟာ “ဆဲလ်ဖီ” ဓာတ်ပုံရိုက်ပြီး ဟန်ရေးပြဖို့သက်သက် ရွက်လွှင့်လာခဲ့တာလို့ အစ္စရေးဘက်က ခနဲ့တာ ဖြစ်ပါတယ်။

“ခရီးသည်တွေဟာ သူတို့မိခင်နိုင်ငံတွေကို ပြန်ဖို့ မျှော်လင့်ထားပြီး ရှိုးပွဲကြီး ပြီးသွားပြီ” လို့ပါ ရေးသားပါတယ်။

ညအချိန် အစ္စရေးတပ်ဖွဲ့တွေက လှေကို ဝင်စီးအပြီးမှာ လှေပေါ်ပါလာသူတွေကို ဆင်းဒ်ဝစ်ချ်တွေနဲ့ ရေသန့်ဘူးတွေ ဝေပေးနေပုံ ဗီဒီယိုကို ဇွန် ၉ ရက်မှာ အစ္စရေး နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ဗြိတိန်အလံလွှင့်ထားတဲ့ ရွက်လှေ မက်ဒလင်းကို ပါလက်စတိုင်းအရေး လိုလားတဲ့ ဖရီးဒမ်း ဖလော်တီလာ ညွန့်ပေါင်း (FFC) က စီစဉ်တာဖြစ်ပါတယ်။

လှေငယ်နဲ့ သယ်ယူလာတဲ့ အကူအညီပမာဏဟာ မပြောပလောက်ပေမဲ့ သင်္ကေတသဘော ဆောင်ပါတယ်။

ဂါဇာကို အကူအညီတွေ ဝင်ရောက်ခွင့် ပိတ်ခံထားရတာနဲ့ လူသားချင်းစာနာမှု အကျပ်အတည်း ဖြစ်နေတာကို ကမ္ဘာက သတိပြုမိဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013