Home
မြန်မာသတင်း
ဒုတိုင်းမှူးကို ပစ်ခတ်ရန် ကြံစည်မှုဖြင့် တပ်ကြပ်ကြီး အပါအဝင်  ၃ ဦး ဖမ်းဆီးခံရ
DVB
·
June 3, 2025

ဒဏ်ရာရစစ်သည်တွေကို ဆေးခွင့်မပေးဘဲ ခံစစ်ပြင်ခိုင်းတဲ့ အနောက်တောင်တိုင်းစစ်ဌာနချုပ် ဒုတိုင်းမှူး ဗိုလ်မှူးချုပ် ရဲလင်းအောင်ကို သေနတ်နဲ့ပစ်ခတ်ဖို့ ကြိုးစားခဲ့တဲ့ တပ်ကြပ်ကြီးအပါအ ဝင် ၃ ယော်ကို ဖမ်းဆီးထားတယ်လို့ တပ်တွင်းသတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။

ဧရာဝတီတိုင်း ငသိုင်းချောင်း- ဂွ ကားလမ်းမ ပေါ်မှာရှိတဲ့ အမှတ် ၃၄၄ အမြောက်တပ်ရင်းမှာ ဇွန် ၁ ရက်က ခံစစ်ပြင်နေတဲ့ အရာရှိ၊ စစ်သည်တွေကို အားပေးစကားလာပြောချိန် ဆေးခွင့်မရတဲ့ တပ်ကြပ်ကြီးနဲ့ တပ်သား ၂ ယောက်က ဗိုလ်မှူးချုပ် ရဲလင်းအောင်ကို ပစ်ခတ်ဖို့ ကြိုးစားခဲ့တာလို့ ပြောပါတယ်။

တပ်တွင်းသတင်းရင်းမြစ်က “မနေ့က ဒုတိုင်းမှူးအပစ်ခံရတယ်လို့ သတင်းထွက်ပြီးမှ တပ်ကြပ်ကြီးနဲ့ရဲဘော် ၂ ယောက် အဖမ်းခံရတာ။ ပြသာနာက ကာကင်းမှာ ဒဏ်ရာရလာတဲ့ စစ်သည်တွေကို ဆေးရုံမပို့ဘဲ ခံစစ်ပြင်ခိုင်းလို့ မကျေနပ်တာကနေ စတာ။ ဧရာဝတီမှာ တပ်က သေတာတွေရော၊ ဒဏ်ရာရတာတွေ မြင်လို့မကောင်းဘူး” လို့ ရှင်းပြပါတယ်။

အာရက္ခတပ်တော် (AA) နဲ့တော်လှန်ရေးပူးပေါင်တပ်တွေဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကစပြီး အ မှတ် ၃၄၄ အမြောက်တပ်ရင်းကို တိုက်ခိုက်ခဲ့ရာ စစ်တပ်၊ ရဲ၊ ပြည်သူ့စစ်အဖွဲ့ ပူးပေါင်းခုခံခဲ့ပေမဲ့ အရှေ့ကာကင်းတွေ အကုန်ကျပြီးနောက် အမြောက်တပ်ရင်းမှာ ခံစစ်ပြင်နေရတာလို့ တပ်ရင်းနဲ့နီး စပ်တဲ့ သတင်းအရင်းအမြစ်က ပြောပါတယ်။

“အမတ ၃၄၄ မှာ ဒုဗိုလ်မှူးကြီးအဆင့်ထိ ကျတယ်။ ရှေ့တန်းကာကင်းတွေ AA ကရထားတယ်။ ဒဏ်ရာရစစ်သည်တွေက မနည်းဘူး။ အမှန်ဆို ဒဏ်ရာစစ်သည်တွေကို ပုသိမ်မှာရှိတဲ့ စစ်မြေပြင် ဆေးတပ်ရင်း ၄ ကိုပို့ရမှာ၊ အဲ့ဒါကို ဒုတိုင်းမှူးက ဆေးရုံမပို့ဘဲနဲ့ ခံစစ်ပြင်ခိုင်းတယ်။ စစ်ကူမပို့ တဲ့အပြင် ရိက္ခာပါမပေးလို့  မခံနိုင်ဖြစ်တာ။” 

ဒုတိုင်းမှူး ဗိုလ်မှူးချုပ်ရဲလင်းအောင် ပစ်ခတ်ခံရသလား ဆိုတာနဲ့ ပက်သက်လို့ DVB အနေနဲ့ စုံစမ်းနေဆဲ ဖြစ်ပါတယ်။

ဒါ့အပြင် ဒုတိုင်းမှူး ပစ်ခတ်ခံရတဲ့ သတင်းနဲ့ပတ်သက်ပြီး အတည်ပြုနိုင်ရေးအတွက် စစ်ကောင်စီလက်အောက်ခံ ဧရာဝတီတိုင်း စီးပွားရေးဝန်ကြီး ဦးမောင်မောင်သန်းကို DVB က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့ မရပါဘူး။

၂၀၂၅ ခုနှစ် ဇန်နဝါရီလကစပြီး အာရက္ခတပ်တော် (AA) က တော်လှန်ရေးအဖွဲ့တွေနဲ့ပူးပေါင်းပြီး ပဲခူး၊ မကွေးနဲ့ ဧရာဝတီတိုင်းမှာ စစ်မျက်နှာဖွင့်ကာ စစ်ကောင်စီတပ်စခန်းတွေကို စတင်တိုက် ခိုက်ခဲ့တာဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013