
မန်ယူကစားသမားသစ် မားသီးယက်စ်ကူညာဟာ နိုင်ငံတကာပွဲတွေပြီးမှ မန်ယူအသင်းနဲ့ စတင်ပူးပေါင်းမယ်လို့ သိရပါတယ်။
ဘရာဇီးလက်ရွေးစင်ကစားသမားဟာ မန်ယူအသင်းနဲ့ စစ်ဆေးမှုပြုလုပ်ကာ လက်မှတ်ရေးထိုးခဲ့ပြီး အသင်းနဲ့ ၅ နှစ်စာချုပ်ခဲ့တယ်လို့ သိရပါတယ်။
ကူညာကို ခေါ်ယူနိုင်ခဲ့ကြောင်း မန်ယူအသင်းဘက်ကလည်း တရားဝင် သတင်းထုတ်ပြန်ထားပြီး ဘရာဇီးအသင်းရဲ့ နိုင်ငံတကာပွဲစဉ်တွေ ပြီးဆုံးချိန်မှာ အသင်းနဲ့ စတင်ပူးပေါင်းမယ်လို့ သိရပါတယ်။
ဘရာဇီးအသင်းဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်တွေအဖြစ် ဇွန် ၆ ရက်မှာ အီကွေဒေါ၊ ဇွန် ၁၁ ရက်မှာ ပါရာဂွေးအသင်းတွေနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ကူညာဟာ ဇွန် ၁၂ ရက်ရောက်မှ မန်ယူအသင်းနဲ့ ပူးပေါင်းဖို့ ရှိပါတယ်။
စာချုပ်ပါလျော်ကြေးအဖြစ် ပေါင် ၆၂ သန်းခွဲ ပေးချေပြီး ခေါ်ယူခဲ့တဲ့ ကူညာဟာ ဝုဗ်အသင်းနဲ့ ၇၆ ပွဲမှာ ၃၁ ဂိုး သွင်းခဲ့သူဖြစ်ပြီး လာမယ့်ရာသီအတွက် မန်ယူအသင်းရဲ့ ပထမဆုံး ကစားသမားခေါ်ယူမှု ဖြစ်လာခဲ့ပါတယ်။