Home
နိုင်ငံတကာ
အနှစ် ၂၀ မျှော်မှန်းချက် လမ်းပြမြေပုံ အာဆီယံခေါင်းဆောင်များ လက်မှတ်ရေးထိုး
DVB
·
May 27, 2025

အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ရဲ့ ဒေသတွင်း ပေါင်းစည်းရေးအတွက် အနှစ် ၂၀ မျှော်မှန်းချက်ကို ချမှတ်မယ့် အထင်ကရ သဘောတူညီချက်တရပ်ကို အရှေ့တောင်အာရှနိုင်ငံ ခေါင်းဆောင်တွေက မေ ၂၆ ရက်မှာ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

မလေးရှားနိုင်ငံရဲ့ မြို့တော် ကွာလာလမ်ပူမှာ ကျင်းပနေတဲ့ အာဆီယံ ထိပ်သီးအစည်းအဝေးမှာ လက်မှတ်ရေးထိုးခဲ့တဲ့ “အာဆီယံ ၂၀၄၅: ကျနော်တို့ရဲ့ အနာဂတ်ဝေစု” ကြေညာချက်မှာ ဒေသတွင်း ငြိမ်းချမ်းရေး၊ သာယာဝပြောရေးနဲ့ စည်းလုံးညီညွတ်မှုကို ဖော်ဆောင်ဖို့ ရည်ရွယ်တဲ့ ရေရှည် လမ်းပြမြေပုံကို ဖော်ပြထားပါတယ်။

မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က ဒီသဘောတူညီချက်ဟာ အာဆီယံရဲ့ ခရီးလမ်းအတွက် အဓိပ္ပာယ်ဖွင့်ဆိုချက် အခန်းကဏ္ဍတခုအဖြစ် ဖော်ပြခဲ့ပါတယ်။

မလေးရှားဟာ အခုနှစ်အတွက် အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ရဲ့ အလှည့်ကျဥက္ကဋ္ဌပါ။ လက်မှတ်ရေးထိုးပြီးသား စာတမ်းကို အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ် ခါအိုခင်မ်ဟွန်းဆီ တင်ပြခဲ့ပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013