
ပွဲကစားခွင့်မရတဲ့ တောင်ပံကစားသမား ဂျက်ဂရေးလစ်ရှ်ကို အသင်းပြောင်းရွှေ့ဖို့ နည်းပြ ဂွါဒီယိုလာက တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။
အင်္ဂလန်တောင်ပံတိုက်စစ်မှူးဟာ အခုနှစ်ရာသီ မန်စီးတီးအသင်းအတွက် ပွဲကစားခွင့် နည်းပါးခဲ့ပြီး လူစားဝင်ကစားရတာက ပိုများခဲ့တာပါ။
ဖူဟမ်အသင်းနဲ့ ရာသီပိတ်ပွဲစဉ်မှာလည်း ဂရေးလစ်ရှ်ကို အသင်းလူစာရင်းမှာ ခေါ်ဆောင်လာခြင်း မရှိတဲ့အပေါ် နည်းပြ ဂွါဒီယိုလာက စိတ်မကောင်းဖြစ်ခဲ့တာပါ။
ဂရေးလစ်ရှ်ဟာ မယုံကြည်နိုင်စရာကောင်းအောင် ထူးချွန်တဲ့ ကစားသမားဖြစ်လို့ ၃ ရက် တပွဲလောက် ကစားနိုင်တဲ့သူ ဖြစ်ပေမဲ့ ပြီးခဲ့တဲ့နှစ်ကရော အခုနှစ်ရာသီမှာပါ အဲဒီလို ကစားခွင့်မရခဲ့ကြောင်း နည်းပြဂွါဒီယိုလာက ပြောပါတယ်။
ဂရေးလစ်ရှ် အနေနဲ့ အသင်းမှာ ကစားခွင့်မရဘူးဆိုရင် ကစားခွင့်ရတဲ့အသင်းဆီ ပြောင်းရွှေ့သင့်ကြောင်း၊ အသင်းမှာ ဆက်နေမယ် ဆိုရင်လည်း ပြဿနာမရှိပေမဲ့ ပွဲကစားခွင့်အတွက် တိုက်ပွဲဝင်သွားရမှာဖြစ်ကြောင်း နည်းပြ ဂွါဒီယိုလာက ပြောသွားပါတယ်။