
တောင်ပံတိုက်စစ်ကစားသမား ဂါနာချိုကို အသင်းသစ် ရှာဖွေထားဖို့ နည်းပြအာမိုရင်က ကြိုတင်အသိပေးထားတယ်လို့သိရပါတယ်။
အသက် ၂၀ ရှိ အာဂျင်တီးနားကစားသမားဟာ ယူရိုပါလိဂ် ဗိုလ်လုပွဲမှာ အရန်ခုံတန်းမှာ ထိုင်ခဲ့ရပြီး ပွဲချိန်မိနစ် ၂၀ လောက်ပဲ လူစားဝင်ကစားခဲ့ရတာကို မကျေမနပ် ဖြစ်ခဲ့တာပါ။
ယူရိုပါလိဂ်ပွဲစဉ်တိုင်းမှာ ပွဲထွက်ခွင့်ရခဲ့ပေမဲ့ ဗိုလ်လုပွဲမှာ ပွဲထွက်ကစားခွင့် မရခဲ့တာကို နားမလည် မိကြောင်း ဂါနာချိုက လူသိရှင်ကြား ပြောထားပါတယ်။
နည်းပြ ရူဘင်အာမိုရင်ကတော့ ဂါနာချို အပါအဝင် ကစားသမားအားလုံးကို၊ ပြန်လည် သုံးသပ်သွားမှာပြီး လတ်တလောမှာတော့ ဗီလာနဲ့ ကစားရမယ့် ပရီးမီးယားလိဂ် နောက်ဆုံးပွဲစဉ်အပေါ် အာရုံစိုက်ထားကြေင်း ပြန်လည်ဖြေကြားသွားပါတယ်။
Photo: Reuters