Home
မြန်မာသတင်း
စစ်ကောင်စီတပ်က လူ့အခွင့်အရေးချိုးဖောက်မှု အကြိမ်ပေါင်း ၆၀၀ ခန့် ကျူးလွန် 
DVB
·
May 25, 2025
Photo : MoHR
Photo : MoHR
Photo : MoHR
Photo : MoHR

ပြီးခဲ့တဲ့ ဧပြီလအတွင်း စစ်ကောင်စီတပ်က  လူ့အခွင့်အရေးချိုးဖောက်မှု အကြိမ်ပေါင်း ၆၀၀ လောက် ကျူးလွန်ခဲ့ပြီး လူပေါင်း ၃၆၀ လောက် သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

တရားလက်လွတ်သတ်ဖြတ်ခံရတာ ၁၂၈ မှုရှိလို့ အများဆုံးကျူးလွန်ခဲ့တာဖြစ်ပြီး တိုက်ပွဲမရှိဘဲ လက်နက်ကြီး၊ လေကြောင်းတို့နဲ့ ပြည်သူတွေနေထိုင်ရာကို တိုက်ခိုက်ခဲ့တဲ့ တခြားကျူးလွန်မှုက ၁၆၄ ကြိမ်ရှိတယ်လို့ ဆိုပါတယ်။

စစ်ကိုင်းတိုင်းမှာ လူ့အခွင့်အရေးချိုးဖောက်တာအများဆုံးဖြစ်ပြီး ၁၂၅ ကြိမ်ရှိသလို အကြိမ် ၇၀ လေကြောင်းကတိုက်ခိုက်ခဲ့ပါတယ်။

ဧပြီလအတွင်းမှာ လေကြောင်းတိုက်ခိုက်ခံရလို့ လူပေါင်း ၂၃၃ ယောက် သေဆုံး၊ အစုလိုက်အပြုံလိုက်သတ်ခံရတဲ့ဖြစ်စဉ် ၁၆ ခုရှိပြီး လူပေါင်း ၁၂၅ ယောက် သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လေကြောင်းတိုက်ခိုက်ခံရလို့ ပြည်သူပိုင်နေအိမ် ၄၀၆ လုံး၊ စာသင်ကျောင်း ၁၇ ကျောင်း ပျက်စီးပြီး မကွေးတိုင်းထဲမှာ အိမ် ၁၁၇ လုံး ပျက်စီးခဲ့ပါတယ်။

ဗုဒ္ဓဘာသာ ဘာသာရေးအဆောက်အအုံ ၂၂ ခု၊ ခရစ်ယာန်ဘာသာရေးအဆောက်အအုံ ၄ ခုနဲ့ အစ္စလာမ် ဘာသာရေးအဆောက်အအုံ ၁ ခု ပျက်စီးခဲ့ရပြီး စစ်ကိုင်းတိုင်းထဲမှာ အများဆုံး ပျက်စီးခဲ့တာပါ။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013