Home
အားကစား
ရီးရဲလ်မက်ဒရစ်မှ ထွက်ခွါမည်ဟု ကွင်းလယ်လူ မိုဒရစ် အတည်ပြု
DVB
·
May 23, 2025
Photo :Reuters

အခုနှစ်ရာသီအကုန်မှာ ရီးရဲလ်မက်ဒရစ်ကနေ ထွက်ခွါမှာဖြစ်ကြောင်း ကွင်းလယ်လူ လူကာမိုဒရစ်က အတည်ပြုထုတ်ပြန်သွားပါတယ်။

အသက် ၃၉ နှစ်ရှိပြီဖြစ်တဲ့ ခရိုအေးရှားကစားသမားဟာ  ၂၀၁၂ ခုနှစ် ကတည်းက စပါးအသင်းကနေ ပြောင်းရွှေ့ကစားခဲ့သူဖြစ်ပြီး အသင်းနဲ့အတူ ဆုဖလား ၂၈ လုံး အထိ ရယူနိုင်ခဲ့သူပါ။

မဖြစ်ချင်တဲ့ အချိန်ကာလတခု ရောက်ရှိလာတာဖြစ်ပေမဲ့ ဘောလုံးမှာ စတင်ခြင်းနဲ့ အဆုံးသတ်ခြင်းတွေက ရှိစမြဲဖြစ်ကြောင်း၊ လာမယ့် စနေနေ့မှာကစားမယ့် ပွဲစဉ်က မိမိအတွက် အိမ်ကွင်း နောက်ဆုံးပွဲစဉ်ဖြစ်ကြောင်း မိုဒရစ်က ပြောပါတယ်။

ရီးရဲလ်မက်ဒရစ်ဆီ ပြောင်းရွှေ့ကစားခဲ့တာက ကစားသမားဘဝကို ပြောင်းလဲစေခဲ့ပြီး ဘောလုံးသမိုင်းမှာ အကောင်းဆုံးဘောလုံးအသင်းတသင်းရဲ့ အစိတ်အပိုင်းတခု ဖြစ်ခွင့်ရတဲ့အပေါ် ဂုဏ်ယူမိကြောင်း မိုဒရစ်က မက်ဒရစ်ပရိသတ်တွေဆီ နှုတ်ဆက်တဲ့ ထုတ်ပြန်စာမှာ ထည့်သွင်းရေးသားထားပါတယ်။

ပရိသတ်တွေအပါအဝင် အသင်းဖော်တွေနဲ့ အသင်းတာဝန်ရှိသူတွေကို ကျေးဇူးတင်ရှိပြီး ဖီဖာကမ္ဘာ့ကလပ်ပြိုင်ပွဲအပြီးမှာ မက်ဒရစ်ဂျာစီကို ဝတ်ဆင်ခွင့်ရတော့မှာမဟုတ်ကြောင်း၊ မက်ဒရစ်ပရိသတ်တယောက်အဖြစ် အမြဲတမ်းရှိနေမှာဖြစ်ကြောင်း မိုဒရစ်က ပြောသွားပါတယ်။

Photo: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013