
ပြည်သူနဲ့ပူးပေါင်းသူ၊ လက်နက်ချ၊ စစ်သုံ့ပန်း စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သား၊ ရဲနဲ့ ပြည်သူ့စစ် စုစုပေါင်း မေ ၈ ရက်မှ ၁၄ ရက်အထိ သီတင်းတပတ်အတွင်း ၁၅ ယောက်ရှိတယ်လို့ ပြည်သူ့ပန်းတိုင် (People's Goal) က မေ ၂၂ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
ဒီ ၁၅ ယောက်ထဲမှာတော့ ပြည်သူနဲ့ပူးပေါင်းလာခဲ့တဲ့ စစ်သား ၃ ယောက်နဲ့ ပြည်သူ့စစ် ၄ ယောက် စုစုပေါင်း ၇ ယောက်ဖြစ်ပြီး စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရတဲ့ စစ်သား ၆ ယောက်၊ ပြည်သူ့စစ် ၂ ယောက် စုစုပေါင်း ၈ ယောက် ဖြစ်ပါတယ်။
ပြည်သူ့ပန်းတိုင်က ကောက်ယူထားတဲ့ မှတ်တမ်းတွေအရ ဇန်နဝါရီလကနေ မေလ ဒုတိယပတ် အထိ ပြည်သူနဲ့ပူးပေါင်းသူ၊ လက်နက်ချသူ၊ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရသူ စုစုပေါင်း ၁၀၈၂ ယောက် ရှိခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။