Home
နိုင်ငံတကာ
ဆန္ဒအလျောက် နေရပ်ပြန်သူ ၃၈ ဦးကို အမေရိကန်က ဟွန်ဒူးရပ်စ်သို့ ပို့ဆောင်
DVB
·
May 20, 2025
Photo: Reuters

အမေရိကန်ပြည်ထောင်စုရဲ့ CBP Home အစီအစဉ်ကတဆင့် ဆန္ဒအလျောက် ပြန်လည်ထွက်ခွာလာတဲ့ ဟွန်ဒူးရပ်စ် နေရပ်ပြန်အုပ်စုရဲ့ ပထမဆုံးအဖွဲ့ဟာ မေ ၁၉ ရက်မှာ ဟွန်ဒူးရပ်စ်နိုင်ငံ ရာမွန် ဗီယဲဒါ မိုရာလက်စ် အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ရောက်ရှိခဲ့ကြပါတယ်။

ရောက်ရှိလာသူ စုစုပေါင်း ၃၈ ယောက်ရှိပြီး သူတို့ထဲက ၁၉ ယောက်က အရွယ်မရောက်သေးတဲ့ အမေရိကန်နိုင်ငံဖွား ကလေး ၄ ယောက်နဲ့ မက္ကဆီကိုနိုင်ငံသားတယောက်တို့ ပါဝင်ကြောင်း ဟွန်ဒူးရပ်စ်မီဒီယာ လာပရန်ဆာမှာ ဖော်ပြထားပါတယ်။

CBP Home အစီအစဉ်ဟာ အမေရိကန် ပြည်တွင်းလုံခြုံရေးဌာန အစီအစဉ်ရဲ့ တစိတ်တပိုင်းဖြစ်ပြီး နိုင်ငံခြားသားတွေအနေနဲ့ တရားမဝင်နေထိုင်ခြင်းကနေ ကိုယ့်ဆန္ဒအလျောက် ပြန်လည်ထွက်ခွာနိုင်ဖို့အတွက် အသုံးပြုနိုင်တာပါ။

ဒီအစီအစဉ်အရ သူတို့ရဲ့ မိခင်နိုင်ငံ သို့မဟုတ် တရားဝင်အခြေအနေရှိတဲ့ တခြားနိုင်ငံကို ပြန်လည်သွားလာရာမှာ လွယ်ကူချောမွေ့စေဖို့အတွက် ရွှေ့ပြောင်းနေထိုင်သူတွေကို ထောက်ပံ့ငွေ ဒေါ်လာ ၁,၀၀၀၊ လေယာဉ်လက်မှတ်နဲ့ ခရီးသွား စာရွက်စာတမ်း ပံ့ပိုးမှု ပေးပါတယ်။

ကိုယ့်ဆန္ဒအလျောက် ပြန်လာခဲ့သူ ကယ်ဗင် ပိုဆာဒါစ်က“CBP Home အစီအစဉ်ကို လျှောက်ထားတော့ လူတယောက်က ဖုန်းဆက်လာပြီး ဟူစတန်ကိုသွားမယ့် လေယာဉ်လက်မှတ် ပေးတယ်၊ ဟူစတန်ကနေ ဟိုတယ်ကို ခေါ်သွားတယ်၊ ဟိုတယ်ကနေ ဟူစတန်ကို လေဆိပ်မှာဆင်းပြီး အစားအသောက်တွေ ပေးတယ်” လို့ ပြောပါတယ်။

ဒီအစီအစဉ်အရ ဟွန်ဒူးရပ်စ်ကို ပြန်သူတိုင်းဟာ CBP Home အက်ပ်မှတဆင့် ပြန်ရောက်ပြီးကြောင်း အတည်ပြုပြီးနောက် အမေရိကန်ဒေါ်လာ ၁,၀၀၀ ကတ်ကို လက်ခံရရှိကြောင်း ပြည်တွင်းလုံခြုံရေးဌာန ဝက်ဘ်ဆိုက်အရ သိရပါတယ်။

ရွှေ့ပြောင်းနေထိုင်ရေးနဲ့ နိုင်ငံခြားရေး ညွှန်ကြားရေးမှူး ဝီလ်ဆင် ပက်ဇ်က“သူတို့က CBP Home ပရိုဂရမ်ကို လျှောက်ထားခဲ့ပြီး သူတို့ လေယာဉ်မတက်ခင်မှာ အမေရိကန်က ဒေါ်လာ ၁,၀၀၀ ပေးတယ်။ သူတို့နိုင်ငံ၊ သူတို့ရဲ့ မွေးရပ်မြေကို ရောက်ရောက်ချင်းမှာလည်း ရွှေ့ပြောင်းနေထိုင်သူတွေ ပြန်လည်လက်ခံရေးစင်တာကို လာတဲ့သူတွေကလည်း သမ္မတရဲ့ ဖန်တီးထားတဲ့ အကျိုးကျေးဇူးတွေကို ခံစားခွင့်ရှိတယ်” လို့ ပြောပါတယ်။

ဟွန်ဒူးရပ်စ်ကို ပြန်ရောက်ရှိလာသူတွေဟာ ဟွန်ဒူးရပ်စ် အစိုးရဆီမှလည်း အကူအညီတွေ ရရှိခဲ့ပြီး သူတို့ရဲ့ ပြန်လည်ပေါင်းစည်းမှုကို လွယ်ကူချောမွေ့ခဲ့ကြကြောင်းလည်း ဆိုပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013