
ကစားသမားဘဝ နောက်တဆင့်တက်ဖို့အတွက် လီဗာပူးအသင်းကနေ ထွက်ခွာဖို့ လိုအပ်ကြောင်း ကွင်းလယ်ကြယ်ပွင့် အယ်လီယော့က ဝန်ခံစကားဆိုသွားပါတယ်။
အင်္ဂလန်ယူ-၂၁ ကစားသမားဟာ ဘရိုက်တန်ကို ၃ ဂိုး ၂ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ ဒုတိယအကြိမ် ပွဲထွက်ကစားခွင့်ရရှိခဲ့ပြီး တဂိုးသွင်း၊ တဂိုးဖန်တီးမှု ပြုလုပ်နိုင်ခဲ့တာပါ။
ပရီးမီးယားလိဂ်မှာ ၁၇ ပွဲ ကစားထားပေမဲ့ လူစားဝင်ကစားတဲ့ပွဲက ၁၅ ပွဲအထိ ရှိခဲ့ပြီး ပွဲကစားခွင့် နည်းပါးခဲ့တယ်လို့ အယ်လီယော့က ပြောပါတယ်။
သူဟာ နည်းပြ ကလော့ပ် လက်ထက်က တရာသီကို ပွဲ ၃၀ ကျော် ကစားခဲ့ရပေမဲ့ ချန်ပီယံဖြစ်ခဲ့တဲ့ အခုနှစ်ရာသီမှာ ပွဲကစားခွင့် နည်းပါးခဲ့တာပါ။
မိမိရဲ့ ကစားသမားဘဝ တိုးတက်လာရေးအတွက် ဆုံးဖြတ်ချက် ချမှတ်သွားရဖို့ရှိပြီး လက်ရှိအချိန်မှာတော့ လီဗာပူးအသင်းရဲ့ နောက်ဆုံးပွဲစဉ်အတွက်ပဲ အာရုံစိုက်ထားကြောင်း အယ်လီယော့က ပြောသွားပါတယ်။