
မန်ယူနိုက်တက်အသင်းဟာ ဝုဗ်တိုက်စစ်မှူး မားသီးယက်စ်ကူညာကို ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီလို့ သိရပါတယ်။
ဘရာဇီးတိုက်စစ်ကစားသမားဟာ ဝုဗ်အသင်းအတွက် ၁၇ ဂိုး သွင်းယူထားပြီး အကောင်းဆုံး စွမ်းဆောင်ရည် ရရှိနေတာပါ။
မန်ယူအသင်းဟာ ကူညာအတွက် စာချုပ်ဖျက်သိမ်းကြေး ပေါင် ၆၂ ဒသမ ၅ သန်း ပေးချေပြီး ခေါ်ယူနိုင်ဖို့ နီးစပ်နေတယ်လို့ သတင်းတွေမှာ ဖော်ပြကြပါတယ်။
ကူညာဟာ လာမယ့်ရာသီအတွက် မန်ယူအသင်းရဲ့ ပထမဆုံးခေါ်ယူမှု ဖြစ်လာနိုင်တယ်လို့ သတင်းတွေမှာ ရေးသားဖော်ပြကြပါတယ်။
မန်ယူအသင်းဟာ ကူညာကို ခေါ်ယူနိုင်ဖို့ နီးစပ်လာတဲ့အပြင် အစ်ဆွစ်အသင်းက မန်စီးတီးတိုက်စစ်မှူးဟောင်း လီယန်ဒီလတ်ပ်ကိုလည်း ပေါင်သန်း ၃၀ နဲ့ ခေါ်ယူဖို့ ဆွေးနွေးနေတယ်လို့ သိရပါတယ်။
ကူညာနဲ့ပတ်သက်ပြီး နည်းပြအာမိုရင်က ချီးကျူးထားပေမဲ့ အပြောင်းအရွှေ့သတင်းတွေ အပေါ်မှာတော့ မှတ်ချက်မပေးချင်ဘဲ အနာဂတ်မှာ ဘာမဆိုဖြစ်နိုင်ကြောင်း ပြန်လည်ဖြေကြားဖူးပါတယ်။