Home
နိုင်ငံတကာ
ဂါဇာမြောက်ပိုင်းက စစ်ဆင်ရေးရုပ်သံကို အစ္စရေးစစ်တပ် ထုတ်လွှင့်
DVB
·
May 18, 2025
Photo: Israeli Army/Handout via REUTERS

ဂါဇာကို အစ္စရေးက မေ ၁၇ ရက် အာရုဏ်တက်ချိန်တည်းက အကြီးအကျယ် ဗုံးကြဲတိုက်ခိုက်မှုအတွင်း ဂါဇာမြောက်ပိုင်းက လူ ဒါဇင်များစွာအပါအဝင် လူ ၇၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ အယ်လ်ဂျာဇီးယား သတင်းဌာနက အစီရင်ခံပါတယ်။

ဂျာဘာလီယာမြို့က အပျက်အစီးတွေထဲမှာ ကလေးငယ် ၄ ယောက်ရဲ့ ရုပ်အလောင်းတွေကို သယ်ထုတ်ရယူပြီးပါပြီ။

သောကြာနေ့မှာ အစ္စရေးစစ်တပ်က ပါလက်စတိုင်းတွေကို ဂါဇာမြောက်ပိုင်းကနေ ထွက်သွားဖို့ အမိန့်ပေးခဲ့ပါတယ်။

အစ္စရေးစစ်တပ်ဟာ ပါလက်စတိုင်းနယ်မြေအတွင်း စစ်ဆင်ရေးချဲ့ထွင်ဖို့နဲ့ ပါလက်စတိုင်းနယ်မြေတွေမှာ စစ်ဆင်ရေးထိန်းချုပ်ဖို့ ပြင်ဆင်မှုတစိတ်တပိုင်းအဖြစ် ကျယ်ကျယ်ပြန့်ပြန့် တိုက်ခိုက်ခဲ့တာပါ။

တပ်ဖွဲ့ဝင်တွေကို စုဆောင်းနေတယ်လို့ ကြေညာပြီးတဲ့နောက် ဂါဇာမြောက်ပိုင်းမှာ စစ်ဆင်ရေးလုပ်နေတဲ့ စစ်သားတွေကိုပြထားတဲ့ ဗီဒီယိုကို မေ ၁၇ ရက်မှာ ထုတ်လွှင့်ခဲ့ပါတယ်။

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ဝင်ရောက်နိုင်ဖို့ ဂါဇာကမ်းမြောင်က နယ်စပ်ဂိတ်တွေကို ပြန်ဖွင့်ဖို့ လခြမ်းနီအဖွဲ့က အစ္စရေးကို ထပ်တောင်းဆိုထားပြီး ဂါဇာမှာ အစာငတ်တာနဲ့ နာကျင်တာတို့ပဲ ကျန်ရစ်မယ်လို့လည်း လခြမ်းနီက သတိပေးထားပါတယ်။

ဂါဇာမှာ အစ္စရေးရဲ့တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း အနည်းဆုံး ၅၃,၂၇၂ ဦး သေဆုံးပြီး ၁၂၀,၆၇၃ ဦး ဒဏ်ရာရခဲ့တယ်လို့ ဂါဇာ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။ 

အပျက်အစီး တွေအောက်မှာ ပျောက်ဆုံးနေသူပေါင်း ထောင်ချီ သေဆုံးခဲ့ပြီးပြီလို့ ယူဆထားလို့ သေဆုံးသူဦးရေ ၆၁,၇၀၀ ကျော်ရှိပြီလို့ အစိုးရမီဒီယာရုံးက သတင်းထုတ်ပြန်ခဲ့ပါတယ်။ 

၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်နေ့မှာ ဟားမတ်စ်ဦးဆောင်တဲ့ တိုက်ခိုက်မှုအတွင်း အစ္စရေးနိုင်ငံထဲမှာ ခန့်မှန်းခြေ လူပေါင်း ၁၁၃၉ ယောက် သေဆုံးခဲ့ပြီး အယောက် ၂၀၀ ကျော်ကို ဟားမတ်စ်တွေက ဖမ်းဆီးထားခဲ့ပါတယ်။ 

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013