Home
နိုင်ငံတကာ
ပူတင်နှင့် စကားပြောပြီးလျှင် ဇလန်းစကီးနှင့် ပြောမည်ဟု ထရမ့်ပ်ဆို
DVB
·
May 18, 2025
Photo: Reuters

ယူကရိန်းစစ်ပွဲ ရပ်တန့်ရေးဆွေးနွေးဖို့ ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ ဖုန်းပြောပြီးတဲ့နောက် ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီး နဲ့ စကားပြောမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က မေ ၁၇ ရက်မှာ ပြောပါတယ်။ 

တကယ်လို့ ပူတင်လည်း အစည်းအဝေးတက်မယ်ဆိုရင် ပြီးခဲ့တဲ့ သီတင်းပတ်က ပင်လယ်ကွေ့ ဆွေးနွေးပွဲအတွက် တူရကီကိုလာဖို့ ထရမ့်ပ်က ကမ်းလှမ်းခဲ့ပေမယ့် ပူတင်က ငြင်းဆိုခဲ့တာပါ။ 

ရုရှားသမ္မတ ပူတင်နဲ့ ယူကရိန်းသမ္မတ ဇလန်းစကီးတို့ ၃ နှစ်ကြာ စစ်ပွဲအတွင်း အပစ်အခတ်ရပ်စဲရေး သဘောတူဖို့ သမ္မတထရမ့်ပ်က ဖိအားပေးနေခဲ့တာပါ။

ပူတင်နဲ့ ထရမ့်ပ် ဖုန်းပြောမယ့်အချိန်က တနင်္လာနေ့မှာ အရှေ့ခြမ်းစံတော်ချိန် မနက် ၁၀ နာရီလောက် ဖြစ်မယ်လို့ ထရမ့်ပ်က Truth Social လူမှုမီဒီယာပေါ်မှာ ပြောပါတယ်။ 

ပူတင်နဲ့ ဖုန်းပြောပြီးရင် ထရမ့်ပ်က မြောက်အတ္တလန္တိတ်စစ်ရေးမဟာမိတ်အဖွဲ့ နေတိုးရဲ့ အဖွဲ့ဝင်တွေနဲ့ ဖုန်းဆက်ပြောဖို့လည်း မျှော်လင့်ထားပါတယ်။

တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့မှာ ရုရှားနဲ့ ယူကရိန်းတို့ကြား ၃ နှစ်အတွင်း ပထမဆုံး မျက်နှာချင်းဆိုင်ဆွေးနွေးပြီး ရက်ပိုင်းအကြာမှာပဲ ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ စကားပြောမယ်လို့ အမေရိကန်သမ္မတ ထရမ့်ပ်က စနေနေ့မှာ ပြောလိုက်တာ ဖြစ်ပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013