Home
မြန်မာသတင်း
မဲဆောက်တွင် ရုပ်တုအောက်ရှိပစ္စည်းများ ဖျက်ဆီးသူ ဖမ်းဆီးရမိ
DVB
·
May 16, 2025

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့၊ မယ်ပရပ်ကွက် အဝေးပြေးလမ်းမပေါ်မှာရှိတဲ့ နောင်ဘွားအဝိုင်းမှာ ထိုင်းလူမျိုးတွေ အထင်ကရထားရှိတဲ့ ရုပ်တုအောက်မှာ ထားရှိတဲ့ ပစ္စည်းတွေကို ဖျက်ဆီးသွားတဲ့သူတယောက်ကို ဖမ်းဆီးရမိတယ်လို့ ထိုင်းရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။

ရုပ်တုအောက်ကပစ္စည်းတွေ ဖျက်ဆီးသွားတဲ့သူကို မေ ၁၅ ရက် မနက်ပိုင်းမှာပဲ ဖမ်းဆီးရမိတာလို့  ထိုင်းနိုင်ငံမှာ အနှစ် ၃၀ ကျော်ကြာ နေထိုင်ခဲ့ပြီး ထိုင်းရဲတပ်ဖွဲ့နဲ့ နီးစပ်သူက ပြောပါတယ်။

“CCTV မှတ်တမ်းကနေတဆင့် လိုက်ရာကနေ ဖမ်းဆီးရမိတာ၊ အသက် ၄၅ နှစ်ရှိတဲ့ ထိုင်းလူမျိုးဖြစ်ပြီး စိတ်မနှံ့တဲ့သူဖြစ်တယ်လို့ ပြောပါတယ်။ ဘာပဲဖြစ်ဖြစ် ဖမ်းဆီးရမိပြီး ထိုင်းလူမျိုး စိတ်မနှံ့တဲ့သူဆိုတော့ ခံသာသေးတာပေါ့။ ဘာပဲဖြစ်ဖြစ် မြန်မာနိုင်ငံသားဆိုရင် အနေအထိုင် အကျပ်ခံရပြီး မြန်မာလူမျိုးတွေ အပြောခံရဦးမှာ။”

မေ ၆ ရက်ကလည်း မဲဆောက်မြို့၊ ထေ့စပန်းရုံးအနီးက စက်သုံးဆီအရောင်းဆိုင်မှာ သေနတ်နဲ့ ပစ်ခတ် ခြိမ်းခြောက်မှု ဖြစ်ပွားခဲ့ပြီး သေနတ်သမားကို အချိန်တိုအတွင်း ဖမ်းဆီးရမိခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013