
လီဗာကူဆင်က ဂျာမနီကွင်းလယ်ကစားသမား ဖလော်ရီယန်ဝစ်ဇ်ကို ခေါ်ယူလိုတဲ့ အသင်းတွေထဲမှာ လီဗာပူးအသင်းလည်း ပါဝင်လာတယ်လို့ သိရပါတယ်။
အသက် ၂၂ နှစ်ရှိ တိုက်စစ်ကစားသမားဟာ အခုနှစ်ရာသီ ၄၄ ပွဲ ကစားအပြီးမှာ သွင်းဂိုးနဲ့ ဂိုးဖန်တီးမှု စုစုပေါင်း ၃၃ ကြိမ်ရှိခဲ့ပြီး ဥရောပထိပ်တန်းအသင်းတွေက ခေါ်ယူဖို့ စိတ်ဝင်စားနေကြတာပါ။
အစောပိုင်းမှာ မန်စီးတီးအသင်းက ဒီဘရိုင်းနေရာအတွက် အစားထိုးဖို့ ပစ်မှတ်ထားခဲ့သလို ဘိုင်ယန်မြူးနစ်အသင်းကလည်း ခေါ်ယူဖို့ ကြိုးပမ်းနေကြောင်း တရားဝင် ထုတ်ပြောခဲ့ဖူးတာပါ။
လက်ရှိအချိန်မှာ ဘိုင်ယန်မြူးနစ်ဆီ ပြောင်းရွှေ့ဖို့ အခွင့်အလမ်းသာနေပေမဲ့ လီဗာပူးအသင်းကလည်း ဝစ်ဇ်ကို ကြားဖြတ်ခေါ်ယူနိုင်ဖို့ ကြိုးပမ်းလာခဲ့တာပါ။
လီဗာကူဆင်အသင်းဟာ ဝစ်ဇ်အတွက် ပေါင် ၁၂၆ သန်းအထိ ဈေးသတ်မှတ်ထားတယ်လို့ သိရပါတယ်။